-
ဒံယေလ ၉:၂၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၄ “ပြစ်မှားမှုကို အဆုံးသတ်ဖို့၊ အပြစ်ကို ဖယ်ရှားဖို့၊+ အမှားကို ခွင့်လွှတ်ဖို့၊+ ထာဝရဖြောင့်မတ်ခြင်းကို ယူဆောင်လာဖို့၊+ စိတ်အာရုံနဲ့ ပရောဖက်ပြုချက်ကို တံဆိပ်ခတ်ဖို့၊+ သန့်ရှင်းတကာ့ အသန့်ရှင်းဆုံးအရပ်ကို ဘိသိက်ဆီ လောင်းပြီး ဆက်ကပ်ဖို့ ခင်ဗျားရဲ့လူမျိုးနဲ့ သန့်ရှင်းတဲ့မြို့တော်အတွက်+ သီတင်း* ၇၀ ကို သတ်မှတ်ထားတယ်။
-
-
တိတု ၂:၁၃၊ ၁၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၃ ဒီအတောအတွင်း ဝမ်းမြောက်ဖွယ် မျှော်လင့်ချက်ကိုရော+ ကြီးမြတ်တဲ့ ဘုရားသခင်နဲ့ ကယ်တင်ရှင် ခရစ်တော်ယေရှုရဲ့ ဘုန်းအသရေပြည့်ဝတဲ့ ပေါ်ထွန်းခြင်းကိုပါ စောင့်မျှော်နေကြစို့။ ၁၄ ခရစ်တော်က ငါတို့ကို တရားမဲ့လုပ်ရပ်အမျိုးမျိုး ကျူးလွန်တဲ့ဘဝကနေ လွတ်မြောက်စေဖို့၊+ မိမိရဲ့ အထူးပိုင်ဆိုင်ရာအဖြစ် သန့်ရှင်းစေပြီး မွန်မြတ်တဲ့အလုပ်မှာ စိတ်ထက်သန်သူတွေဖြစ်စေဖို့+ အသက်ကို ပေးဆက်ခဲ့တယ်။+
-