-
မဿဲ ၂၀:၂၉-၃၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၉ ယေရိခေါမြို့ကနေ ထွက်သွားချိန်မှာ လူတွေက ယေရှုနောက်ကနေ အုပ်လိုက်ကြီး ပါလာတယ်။ ၃၀ လမ်းဘေးမှာထိုင်နေတဲ့ မျက်မမြင်နှစ်ယောက်က ယေရှုဖြတ်သွားတာကို ကြားတဲ့အခါ “သခင်၊ ဒါဝိဒ်ရဲ့သား၊ ကျွန်တော်တို့ကို သနားပါဦး”+ လို့အော်ကြတယ်။ ၃၁ လူအုပ်က သူတို့ကို တိတ်တိတ်နေဖို့ တားပေမဲ့ “သခင်၊ ဒါဝိဒ်ရဲ့သား၊ ကျွန်တော်တို့ကို သနားပါဦး” ဆိုပြီး ပိုလို့တောင် အော်ကြတယ်။ ၃၂ ယေရှုက ရပ်လိုက်ပြီး “ခင်ဗျားတို့ကို ဘာလုပ်ပေးစေချင်သလဲ” လို့ ခေါ်မေးတဲ့အခါ၊ ၃၃ “သခင်၊ ကျွန်တော်တို့ကို မျက်စိမြင်အောင် လုပ်ပေးပါလား” လို့ အသနားခံတယ်။ ၃၄ အဲဒီအခါ ယေရှုဟာ သနားစိတ် ယိုဖိတ်လာတဲ့အတွက် သူတို့ရဲ့မျက်စိကို တို့ထိလိုက်တဲ့အခါ+ ချက်ချင်း မျက်စိပြန်မြင်လာပြီး ယေရှုနောက်ကို လိုက်ကြတယ်။
-
-
လုကာ ၁၈:၃၅-၄၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၅ ယေရှုက ယေရိခေါမြို့အနားကို ရောက်လာချိန်မှာ မျက်မမြင်တစ်ယောက် လမ်းဘေးမှာထိုင်ပြီး တောင်းစားနေတယ်။+ ၃၆ လူတွေ အုပ်လိုက်ကြီး ဖြတ်သွားတာကို သူကြားတဲ့အခါ ဘာတွေဖြစ်နေတာလဲဆိုပြီး မေးတယ်။ ၃၇ “နာဇရက်မြို့သားယေရှု ဖြတ်သွားတာ” လို့ ပြောကြတဲ့အခါ၊ ၃၈ သူက “ဒါဝိဒ်ရဲ့သား ယေရှု၊ ကျွန်တော့်ကို သနားပါဦး” လို့ အော်တယ်။ ၃၉ ရှေ့ကနေဖြတ်သွားတဲ့ လူတွေက သူ့ကို တိတ်တိတ်နေဖို့ တားကြပေမဲ့ “ဒါဝိဒ်ရဲ့သား၊ ကျွန်တော့်ကို သနားပါဦး” ဆိုပြီး ပိုလို့တောင်အော်တယ်။ ၄၀ ဒါနဲ့ ယေရှုက ရပ်လိုက်ပြီး အဲဒီမျက်မမြင်ကို ခေါ်လာခိုင်းတယ်။ သူ ရောက်လာတဲ့အခါ၊ ၄၁ “ခင်ဗျားအတွက် ဘာလုပ်ပေးရမလဲ” လို့မေးတော့ “သခင်၊ ကျွန်တော့်ကို မျက်စိမြင်အောင် လုပ်ပေးပါ” လို့ အသနားခံတယ်။ ၄၂ ယေရှုက “မြင်စေ။ ခင်ဗျားရဲ့ယုံကြည်ခြင်းက မျက်စိပြန်မြင်စေပြီ”+ လို့ပြောလိုက်တယ်။ ၄၃ အဲဒီအချိန်မှာပဲ သူ မျက်စိပြန်မြင်လာတယ်။ ဘုရားသခင်ကို ဂုဏ်တင်ချီးမွမ်းရင်း ယေရှုနောက်ကို လိုက်လာတယ်။+ ဒါကိုမြင်တဲ့အခါ လူအားလုံးက ဘုရားသခင်ကို ချီးမွမ်းကြတယ်။+
-