-
မဿဲ ၂၄:၁၅-၂၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၅ “ပရောဖက်ဒံယေလ ဟောခဲ့တဲ့အတိုင်း ဖျက်ဆီးတတ်တဲ့ ရွံရှာဖွယ်ရာက သန့်ရှင်းရာအရပ်မှာ ရောက်နေတာကို ခင်ဗျားတို့မြင်ရရင်+ (စာဖတ်သူ ပိုင်းခြားသိမြင်ပါစေ)၊ ၁၆ ယုဒနယ်မှာနေတဲ့သူတွေ တောင်ပေါ်ကို ပြေးကြ။+ ၁၇ အိမ်မိုးပေါ်မှာရှိနေသူဟာ အိမ်ထဲကပစ္စည်းတွေယူဖို့ မဆင်းလာနဲ့။ ၁၈ လယ်မှာရှိနေသူကလည်း ကိုယ့်အဝတ်ကိုယူဖို့ အိမ်မပြန်နဲ့။ ၁၉ အဲဒီအချိန်ကာလမှာ ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေ ပိုဒုက္ခရောက်လိမ့်မယ်။ ၂၀ ခင်ဗျားတို့ ထွက်ပြေးရမယ့်အချိန်ဟာ ဆောင်းရာသီ မကျဖို့၊ ဥပုသ်နေ့ မကျဖို့ ဆုတောင်းနေကြပါ။
-
-
လုကာ ၂၁:၂၀-၂၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၀ “ဂျေရုဆလင်မြို့ကို စစ်တပ်ဝိုင်းရံထားတာ ခင်ဗျားတို့ မြင်ရတဲ့အခါ+ ဒီမြို့ပျက်စီးတော့မယ်ဆိုတာ သိလိုက်ပါ။+ ၂၁ အဲဒီအချိန်ရောက်ရင် ယုဒနယ်မှာနေတဲ့သူတွေ တောင်ပေါ်ကို ပြေးကြ။+ မြို့ထဲကလူတွေ မြို့ပြင် ထွက်ကြ။ တောရွာက လူတွေလည်း မြို့ထဲ မဝင်နဲ့တော့။ ၂၂ အဲဒီအချိန်ဟာ ကျမ်းစာမှာ ရေးထားသမျှ ပြည့်စုံဖို့ လူတွေကို ဘုရားသခင် ဒဏ်စီရင်မယ့်အချိန် ဖြစ်လို့ပဲ။ ၂၃ အဲဒီအချိန်ကာလမှာ ကိုယ်ဝန်ဆောင်တွေ၊ နို့တိုက်မိခင်တွေ ပိုဒုက္ခရောက်လိမ့်မယ်။+ ဒီပြည်မှာ ဆင်းရဲဒုက္ခ အကြီးအကျယ် ကျရောက်ပြီး ဒီလူတွေ ပြစ်ဒဏ်ပေးခံရလိမ့်မယ်။
-