-
မဿဲ ၉:၃-၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ အဲဒီတော့ ကျမ်းတတ်တချို့က “ဒီလူ ဘုရားကို စော်ကားပြီး ပြောနေတာပဲ” လို့တွေးနေတယ်။ ၄ သူတို့ရဲ့အတွေးကို သိတဲ့အတွက် ယေရှုက “ဘာလို့ ဆိုးညစ်တဲ့အတွေးတွေ တွေးနေတာလဲ။+ ၅ ‘မင်းရဲ့အပြစ်တွေကို ခွင့်လွှတ်လိုက်ပြီ’ လို့ပြောတာနဲ့ ‘ထပြီး လမ်းလျှောက်ပါ’ လို့ပြောတာ ဘယ်ဟာက ပိုပြောလွယ်သလဲ။+ ၆ လူသားဟာ ကမ္ဘာပေါ်မှာ အပြစ်လွှတ်ပိုင်ခွင့်ရှိမှန်း ခင်ဗျားတို့သိအောင် သက်သေပြမယ်” ဆိုပြီး လေဖြတ်နေသူကို “ထပါ။ ထမ်းစင်ကိုသယ်ပြီး အိမ်ပြန်တော့” လို့ပြောတယ်။+ ၇ အဲဒီလူလည်း ထပြီး အိမ်ပြန်သွားတယ်။ ၈ ဒါကိုမြင်တဲ့အခါ လူတွေ ကြောက်လန့်သွားတယ်။ ဒီလိုအပြစ်လွှတ်ပိုင်ခွင့်မျိုး လူကိုပေးအပ်တဲ့ ဘုရားသခင်ရဲ့ ဘုန်းတော်ကို ချီးမွမ်းကြတယ်။
-
-
လုကာ ၅:၂၁-၂၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၁ ကျမ်းတတ်နဲ့ ဖာရိရှဲတွေက “ဒီလူ ဘုရားသခင်ကို စော်ကားပြောနေလိုက်တာ။ ဘုရားသခင်ကလွဲရင် ဘယ်သူကများ အပြစ်လွှတ်ပိုင်ခွင့်ရှိလို့လဲ”+ ဆိုပြီး တွေးနေကြတယ်။ ၂၂ သူတို့ ဘာတွေးနေမှန်း သိတဲ့အတွက် ယေရှုက “ဘာတွေ တွေးနေကြတာလဲ။ ၂၃ ‘မင်းရဲ့အပြစ်တွေကို ခွင့်လွှတ်လိုက်ပြီ’ လို့ပြောတာနဲ့ ‘ထပြီး လမ်းလျှောက်ပါ’ လို့ပြောတာ ဘယ်ဟာ ပိုပြောလွယ်သလဲ။ ၂၄ လူသားဟာ ကမ္ဘာပေါ်မှာ အပြစ်လွှတ်ပိုင်ခွင့်ရှိမှန်း ခင်ဗျားတို့သိအောင် သက်သေပြမယ်” ဆိုပြီး လေဖြတ်နေသူကို “ကျွန်တော်ပြောမယ်။ ထပါ။ ထမ်းစင်ကိုသယ်ပြီး အိမ်ပြန်တော့”+ လို့ပြောတဲ့အခါ၊ ၂၅ သူက လူတွေရှေ့မှာပဲ ထရပ်ပြီး ထမ်းစင်ကို သယ်၊ ဘုရားဘုန်းတော်ကို ချီးမွမ်းရင်း အိမ်ပြန်သွားတယ်။ ၂၆ လူအားလုံးက အံ့အားသင့်ပြီး ဘုရားဘုန်းတော်ကို ချီးမွမ်းကြတယ်။ “ဒီနေ့တော့ အံ့ဖွယ်ရာတွေ ငါတို့မြင်ရပြီ” ဆိုပြီး အံ့သြတကြီး ပြောကြတယ်။
-