-
မဿဲ ၂၆:၃၁-၃၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၁ ယေရှုက သူတို့ကို “ဒီည ကျွန်တော် ကြုံတွေ့မယ့်အရာကြောင့် ကျွန်တော့်ကို ခင်ဗျားတို့စွန့်ပြီး ပြေးကြလိမ့်မယ်။ ‘သိုးထိန်းကို ငါရိုက်သတ်မှာဖြစ်လို့ သိုးတွေ ကွဲလွင့်သွားလိမ့်မယ်’ ဆိုပြီး ကျမ်းစာမှာ ရေးထားတဲ့အတိုင်း ဖြစ်လာမယ်။+ ၃၂ ဒါပေမဲ့ ကျွန်တော် သေရာကနေ အသက်ပြန်ရှင်လာတဲ့အခါ ဂါလိလဲနယ်ကို ခင်ဗျားတို့ထက်အရင် သွားနှင့်မယ်”+ လို့ပြောတယ်။ ၃၃ ပေတရုက “တခြားသူတွေ သခင့်ကို စွန့်ခွာသွားရင်တောင် ကျွန်တော်ကတော့ ဘယ်တော့မှ မစွန့်ဘူး” လို့ပြောလိုက်တယ်။+
-
-
မာကု ၁၄:၅၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅၀ တပည့်အားလုံးက ယေရှုကိုထားခဲ့ပြီး ထွက်ပြေးကုန်တယ်။+
-