-
မဿဲ ၂၆:၅၅၊ ၅၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅၅ ယေရှုက “ဓားပြကိုဖမ်းသလို ကျွန်တော့်ကိုဖမ်းဖို့ ဓားတွေ၊ တုတ်တွေကိုင်ပြီး လာရသလား။ ကျွန်တော် နေ့တိုင်း ဗိမာန်တော်မှာထိုင်ပြီး သွန်သင်နေတုန်းကတော့+ ခင်ဗျားတို့ မဖမ်းကြဘူး။+ ၅၆ တကယ်တော့ အခုလိုဖြစ်နေတာတွေဟာ ပရောဖက်ကျမ်း ပြည့်စုံလာဖို့ပဲ”+ လို့ လူအုပ်ကို ပြောတယ်။ အဲဒီအခါ တပည့်အားလုံး ယေရှုကိုထားခဲ့ပြီး ထွက်ပြေးကုန်တယ်။+
-
-
လုကာ ၂၂:၅၂၊ ၅၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅၂ အဲဒီနောက် ယေရှုက ရောက်လာတဲ့ ပုရောဟိတ်ကြီးတွေ၊ ဗိမာန်တော်မှူးတွေ၊ အကြီးအကဲတွေကို “ခင်ဗျားတို့က ဓားပြဖမ်းသလို ကျွန်တော့်ကိုဖမ်းဖို့ ဓားတွေ၊ တုတ်တွေ ကိုင်ပြီး လာရသလား။+ ၅၃ နေ့တိုင်း ဗိမာန်တော်မှာ ခင်ဗျားတို့နဲ့အတူ ရှိနေတုန်းက+ ကျွန်တော့်ကို မဖမ်းကြဘူး။+ အခုချိန်က ခင်ဗျားတို့ရဲ့အချိန်၊ အမှောင်မှာ ကျင်လည်သူတွေ ကြီးစိုးတဲ့အချိန်ကိုး”+ လို့ပြောတယ်။
-