-
မဿဲ ၂၇:၃၃-၃၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၃ ‘ဂေါလဂေါသ’ ဆိုတဲ့ ဦးခေါင်းခွံအရပ်ကို+ ရောက်လာတဲ့အခါ၊ ၃၄ ယေရှုကို ဆေးခါးရောစပ်ထားတဲ့ဝိုင် တိုက်ပေမဲ့+ မြည်းစမ်းပြီးနောက် မသောက်ဘဲ နေတယ်။ ၃၅ အဲဒီနောက် သူတို့က ယေရှုကို သစ်တိုင်ပေါ်တင်ပြီး သံနဲ့ရိုက်ထားကြတယ်။ ဝတ်လုံတွေကိုတော့ မဲချပြီး ခွဲယူလိုက်ကြတယ်။+ ၃၆ အဲဒီမှာထိုင်ပြီး ယေရှုကို စောင့်ကြပ်နေကြတယ်။ ၃၇ ခေါင်းအပေါ်နားမှာ “ဂျူးတို့ရဲ့ဘုရင် ယေရှု” လို့ရေးပြီး တပ်ထားတယ်။+ ဒါဟာ ယေရှုကိုတင်တဲ့ စွဲချက်ပဲ။
-