-
မဿဲ ၂၇:၃၉-၄၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၉ ဖြတ်သန်းသွားလာသူတွေက ယေရှုကို ကဲ့ရဲ့ကြတယ်။+ ခေါင်းတခါခါ လုပ်ပြီး၊+ ၄၀ “ဗိမာန်တော်ကို ဖြိုဖျက်ပြီး သုံးရက်အတွင်း ပြန်ဆောက်မယ့်သူ၊+ ကိုယ့်ကိုယ်ကိုယ် ကယ်ပါတော့လား။ ဘုရားသခင်ရဲ့သား မှန်ရင် သစ်တိုင်ပေါ်ကနေ ဆင်းလေ”+ လို့ပြောတယ်။ ၄၁ ပုရောဟိတ်ကြီးတွေ၊ ကျမ်းတတ်တွေ၊ အကြီးအကဲတွေကလည်း ယေရှုကို ဝိုင်းလှောင်ပြီး၊+ ၄၂ “ဒီလူ၊ တခြားသူကိုတော့ ကယ်နိုင်ပါရဲ့။ ကိုယ့်ကိုယ်ကိုယ်တော့ မကယ်နိုင်ပါလား။ သူဟာ အစ္စရေးဘုရင်ပဲ။+ သစ်တိုင်ပေါ်က အခု ဆင်းလာပါစေ။ ဒါဆို သူ့ကို ကျုပ်တို့ယုံကြည်မယ်။
-
-
မာကု ၁၄:၅၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅၈ “‘လူတွေတည်ဆောက်တဲ့ ဒီဗိမာန်တော်ကို ဖြိုဖျက်ပြီး လူတွေ မတည်ဆောက်တဲ့ ဗိမာန်တော်ကို သုံးရက်တည်းနဲ့ တည်ဆောက်ပြမယ်’ လို့ သူပြောခဲ့တာကို ကျုပ်တို့ကြားတယ်”+ ဆိုပြီး ပြောကြတယ်။
-