-
ဝတ်ပြုရာ ၂၄:၅-၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅ “ဂျုံနုကိုယူပြီး မုန့်လက်ကောက် ၁၂ ခု ဖုတ်ပါ။ မုန့်လက်ကောက်တစ်ခုစီကို ဂျုံနုတစ်ဧဖာရဲ့* ဆယ်ပုံနှစ်ပုံနဲ့ ဖုတ်ရမယ်။ ၆ ယေဟောဝါရှေ့ ရွှေစင်စားပွဲပေါ်မှာ+ မုန့်တွေကို ခြောက်ခုစီဆင့်ပြီး နှစ်ပုံပုံထားရမယ်။+ ၇ မုန့်တစ်ပုံစီပေါ်မှာ လောဗန်* စစ်စစ်ကို တင်ထားရမယ်။ အဲဒါက ယေဟောဝါဆီ မီးရှို့ဆက်သတဲ့ ကိုယ်စားပြုအလှူပဲ။+ ၈ ဥပုသ်နေ့ရောက်တိုင်း ယေဟောဝါရှေ့မှာ မုန့်ကို ပုံမှန်တင်ထားရမယ်။+ ဒါဟာ အစ္စရေးလူမျိုးနဲ့ဖွဲ့တဲ့ အမြဲတည်တဲ့ ပဋိညာဉ်ပဲ။ ၉ အဲဒီမုန့်က အာရုန်နဲ့ သူ့သားတွေအတွက်ဖြစ်ပြီး+ သန့်ရှင်းရာဌာနတော်မှာ စားရမယ်။+ ယေဟောဝါဆီ မီးရှို့ဆက်သတဲ့ အလှူတွေထဲမှာ ဒီမုန့်ဟာ ပုရောဟိတ်အတွက် အသန့်ရှင်းဆုံးအရာပဲ။ ဒါဟာ အမြဲတည်တဲ့စည်းမျဉ်း ဖြစ်တယ်။”
-