-
မာကု ၃:၁၄-၁၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၄ တပည့် ၁၂ ယောက်ပါတဲ့ အုပ်စုတစ်စုဖွဲ့ပြီး တမန်တော်တွေလို့ နာမည်ပေးလိုက်တယ်။ သူတို့ဟာ ယေရှုသွားလေရာ လိုက်ပါရမယ့်သူတွေပဲ။ နောက်တော့ ယေရှုက ဟောပြောဖို့ သူတို့ကို စေလွှတ်တဲ့အပြင်၊ ၁၅ နတ်ဆိုးတွေကို နှင်ထုတ်နိုင်တဲ့ တန်ခိုးလည်း ပေးတယ်။+
၁၆ အဲဒီအုပ်စုအဝင် တပည့် ၁၂ ယောက်ကတော့+ ပေတရုလို့ ယေရှုနာမည်ပေးတဲ့ ရှိမုန်၊+ ၁၇ ဇေဗေဒဲရဲ့သား ယာကုပ်နဲ့ သူ့ညီယောဟန် (“မိုးကြိုးသားတွေ” လို့အဓိပ္ပာယ်ရှိတဲ့ ဗောနေရဂက်ဆိုပြီးတော့လည်း ယေရှု နာမည်ပေးတယ်)၊+ ၁၈ အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲရဲ့သား ယာကုပ်၊ သဒ္ဒဲ၊ စိတ်ထက်သန်သူ ရှိမုန်၊ ၁၉ နောက်ပိုင်းမှာ ယေရှုကို သစ္စာဖောက်သွားတဲ့ ယုဒရှကာရုတ် တို့ဖြစ်တယ်။
အဲဒီနောက် ယေရှုက အိမ်တစ်အိမ်ကို ဝင်သွားတယ်။
-
-
တမန်တော် ၁:၁၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၃ ပြန်ရောက်တဲ့အခါ ပေတရု၊ ယောဟန်၊ ယာကုပ်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲရဲ့သား ယာကုပ်၊ ထက်သန်သူ ရှိမုန်၊ ယာကုပ်ရဲ့သား ယုဒတို့ဟာ တည်းခိုတဲ့အထက်ခန်းကို တက်သွားကြတယ်။+
-