ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • မဿဲ ၁၃:၁၈-၂၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၈ “အခု၊  မျိုးကြဲသူ  ပုံဥပမာရဲ့ အဓိပ္ပာယ်ကိုနားထောင်ကြပါ။+ ၁၉ လမ်းပေါ်  မျိုးစေ့ကျတယ်ဆိုတဲ့ အဓိပ္ပာယ်ကတော့ လူတစ်ယောက်က နိုင်ငံတော်သတင်း ကြားတဲ့အခါ ဆိုလိုရင်းကို သဘောမပေါက်ဘူး။ ဒါကြောင့် သူ့စိတ်နှလုံးထဲကျသွားတဲ့ မျိုးစေ့ကို ဆိုးညစ်သူ+  လာနုတ်ယူသွားတယ်။+ ၂၀ ကျောက်ခံမြေပေါ် မျိုးစေ့ကျတယ်ဆိုတဲ့  အဓိပ္ပာယ်ကတော့  လူတစ်ယောက်က နိုင်ငံတော်သတင်း ကြားတဲ့အခါ ဝမ်းသာအားရနဲ့ ချက်ချင်းလက်ခံတယ်။+ ၂၁ ဒါပေမဲ့ သူ့စိတ်နှလုံးထဲမှာ အမြစ်မစွဲတဲ့အတွက် တစ်ခဏပဲ ခံတယ်။ တရားစကားကြောင့် ဒုက္ခရောက်တဲ့အခါ၊ ညှဉ်းဆဲခံရတဲ့အခါ ချက်ချင်းပဲ သူ ကျရှုံးသွားတယ်။ ၂၂ ဆူးပင်တွေကြား  မျိုးစေ့ကျတယ်ဆိုတဲ့ အဓိပ္ပာယ်ကတော့  လူတစ်ယောက်က တရားစကားကို ကြားပေမဲ့ ဒီလောကစနစ်ရဲ့* စိုးရိမ်ပူပန်စရာတွေ၊+ စည်းစိမ်ရဲ့ လှည့်စားမှုတွေဟာ တရားစကားကို လွှမ်းမိုးပိတ်ဆို့သွားတဲ့အတွက် မသီးပွင့်ဘူး။+ ၂၃ ကောင်းတဲ့မြေပေါ် မျိုးစေ့ကျတယ်ဆိုတဲ့ အဓိပ္ပာယ်ကတော့ လူတစ်ယောက်က တရားစကားကို ကြားတဲ့အခါ ဆိုလိုရင်းကို သဘောပေါက်တဲ့အတွက် အဆ ၁၀၀၊ အဆ ၆၀၊ အဆ ၃၀ သီးပွင့်ဖြစ်ထွန်းတယ်။”+

  • မာကု ၄:၁၄-၂၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၄ “မျိုးကြဲသူဆိုတာက  တရားစကား  ကြဲတဲ့သူကို  ဆိုလိုတယ်။+ ၁၅ လမ်းပေါ် မျိုးစေ့ကျတယ်ဆိုတာက  တရားစကားကို  ကြားတာနဲ့ စာတန်လာပြီး+ စိတ်နှလုံးထဲက တရားစကား  နုတ်ယူသွားတာကို  ဆိုလိုတယ်။+ ၁၆ ကျောက်ခံမြေပေါ် မျိုးစေ့ကျတယ်ဆိုတာက တရားစကားကို ကြားတာနဲ့  ဝမ်းသာအားရ  လက်ခံတယ်။+ ၁၇ ဒါပေမဲ့ စိတ်နှလုံးထဲမှာ အမြစ်မစွဲတဲ့အတွက် တစ်ခဏပဲ ခံတယ်။  တရားစကားကြောင့်  ဒုက္ခရောက်တဲ့အခါ၊  ညှဉ်းဆဲ  ခံရတဲ့အခါ ချက်ချင်းပဲ ကျရှုံးသွားတာကို ဆိုလိုတယ်။ ၁၈ ဆူးပင်တွေကြားမှာ   မျိုးစေ့ကျတယ်ဆိုတာက တရားစကားကို ကြားပေမဲ့၊+ ၁၉ ဒီလောကစနစ်ရဲ့* စိုးရိမ်ပူပန်စရာတွေ၊+ စည်းစိမ်ရဲ့လှည့်စားမှုတွေ၊+ လိုချင်တပ်မက်စိတ်တွေ+ ဝင်လာတဲ့အခါ တရားစကားကို လွှမ်းမိုးပိတ်ဆို့သွားတဲ့အတွက်  မသီးပွင့်နိုင်တာကို ဆိုလိုတယ်။ ၂၀ ကောင်းတဲ့မြေမှာ မျိုးစေ့ကျတယ်ဆိုတာက တရားစကားကို ကြားနာပြီး ဝမ်းသာအားရ လက်ခံတဲ့အတွက် အဆ ၃၀၊ အဆ ၆၀၊ အဆ ၁၀၀ သီးပွင့်ဖြစ်ထွန်းတာကို ဆိုလိုတယ်။”+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ