-
မဿဲ ၁၈:၁-၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၈ အဲဒီအချိန်မှာ တပည့်တွေက ယေရှုအနားလာပြီး “ကောင်းကင်နိုင်ငံမှာ ဘယ်သူ အကြီးမြတ်ဆုံးဖြစ်မလဲ” လို့မေးတဲ့အခါ၊+ ၂ ယေရှုက ကလေးငယ်တစ်ယောက်ကို ခေါ်ပြီး သူတို့အလယ်မှာ ရပ်ခိုင်းလိုက်တယ်။ ၃ အဲဒီနောက် “ကျွန်တော် မှန်တာကို ပြောမယ်။ ခင်ဗျားတို့ဟာ စိတ်ထားပြောင်းလဲပြီး ကလေးငယ်တွေလိုဖြစ်အောင် မလုပ်ဘူးဆိုရင်+ ကောင်းကင်နိုင်ငံကို ဘယ်လိုမှ ဝင်ရမှာမဟုတ်ဘူး။+ ၄ ဒီကလေးငယ်လို နှိမ့်ချမယ်ဆိုရင်တော့ ကောင်းကင်နိုင်ငံမှာ အကြီးမြတ်ဆုံးဖြစ်လိမ့်မယ်။+ ၅ ကျွန်တော့်နာမည်ကိုထောက်ပြီး ကလေးငယ်လို လူတစ်ယောက်ကို လက်ခံတဲ့သူဟာ ကျွန်တော့်ကို လက်ခံတဲ့သူပဲ။
-
-
မာကု ၉:၃၃-၃၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၃ ဒီလိုနဲ့ ကပေရနောင်မြို့ကို ရောက်လာတယ်။ အိမ်ထဲမှာရှိနေတုန်း ယေရှုက “ခင်ဗျားတို့ လမ်းမှာ ဘာတွေငြင်းခုံနေကြတာလဲ”+ လို့မေးတဲ့အခါ၊ ၃၄ တစ်ယောက်မှ ပြန်မဖြေဘူး။ သူတို့ထဲမှာ ဘယ်သူ အကြီးမြတ်ဆုံးလဲဆိုပြီး အငြင်းပွားခဲ့ကြတာကိုး။ ၃၅ ယေရှုကထိုင်ရင်း တမန်တော် ၁၂ယောက်ကိုခေါ်ပြီး “ပထမဖြစ်ချင်တဲ့သူဟာ နောက်ဆုံး ဖြစ်ရမယ်။ အားလုံးရဲ့အစေခံ ဖြစ်ရမယ်” လို့ပြောတယ်။+ ၃၆ အဲဒီနောက် ကလေးငယ်တစ်ယောက်ကို ခေါ်ပြီး သူတို့အလယ်မှာ ရပ်ခိုင်းတယ်။ သူ့ပခုံးကို ကိုင်ပြီးနောက်၊ ၃၇ “ကျွန်တော့်နာမည်ကို ထောက်ပြီး ဒီကလေးငယ်လို လူတစ်ယောက်ကို လက်ခံသူဟာ+ ကျွန်တော့်ကို လက်ခံတဲ့သူပဲ။ ကျွန်တော့်ကို လက်ခံသူဟာ ကျွန်တော့်ကိုသာမက ကျွန်တော့်ကို စေလွှတ်တဲ့အရှင်ကို လက်ခံသူပဲ”+ လို့ပြောတယ်။
-
-
လုကာ ၂၂:၂၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၄ အဲဒီနောက် တပည့်တွေက သူတို့ထဲမှာ ဘယ်သူ အကြီးမြတ်ဆုံးလဲဆိုပြီး အကြီးအကျယ် အငြင်းပွားကြတယ်။+
-