၄၆ အဲဒီအခါ မာရိက “ယေဟောဝါ ဘုရားကို ကျွန်မ ဂုဏ်တင်ချီးမွမ်းပါတယ်။+ ၄၇ ကျွန်မရဲ့ကယ်တင်ရှင် ဘုရားသခင်ကြောင့် ရင်ထဲမှာ ပျော်လို့ မဆုံးဘူး။+ ၄၈ ဘုရားက ကျွန်မရဲ့ နိမ့်ကျတဲ့အဖြစ်ကို မြင်ပြီ။+ အခုကစပြီး လူမျိုးအဆက်ဆက်က ကျွန်မကို ပျော်ရွှင်ချမ်းမြေ့သူလို့ ခေါ်ကြတော့မယ်။+