-
မဿဲ ၂၃:၁၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၃ “သူတော်ကောင်း ယောင်ဆောင်တဲ့ ကျမ်းတတ်နဲ့ ဖာရိရှဲတို့၊ အဖြစ်ဆိုးကြုံရလိမ့်မယ်။ ခင်ဗျားတို့က ကောင်းကင်နိုင်ငံရဲ့ တံခါးကို လူတွေ မဝင်နိုင်အောင် ပိတ်ထားကြတယ်။ ကိုယ်တိုင် မဝင်ဘူး၊ ဝင်မယ့်သူတွေကိုလည်း ဝင်ခွင့်မပေးဘူး။+
-
-
၁ သက်သာလောနိတ် ၂:၁၄-၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၄ ညီအစ်ကိုတို့၊ ခရစ်တော်ယေရှုနဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိတဲ့ ယုဒပြည်က အသင်းတော်တွေကိုလည်း ခင်ဗျားတို့ အတုယူနေတာပဲ။ ဂျူးတွေရဲ့ လက်ချက်ကြောင့် သူတို့ ဆင်းရဲဒုက္ခခံခဲ့ရသလို ခင်ဗျားတို့လည်း တစ်မြို့တည်းသားတွေရဲ့ လက်ချက်ကြောင့် ဆင်းရဲဒုက္ခခံခဲ့ရတယ်။+ ၁၅ ဂျူးတွေက ပရောဖက်တွေကိုသာမက သခင်ယေရှုကိုတောင် ကွပ်မျက်ခဲ့သလို+ ကျွန်တော်တို့ကိုလည်း ညှဉ်းဆဲတယ်။+ ဘုရားသခင် နှစ်သက်တာကို မလုပ်တဲ့အပြင် လူတွေကိုလည်း အကျိုးပျက်အောင် လုပ်တယ်။ ၁၆ လူမျိုးခြားတွေ ကယ်တင်ခံရဖို့ ကျွန်တော်တို့ ဟောပြောနေတာကိုလည်း သူတို့ပိတ်ပင်တယ်။+ သူတို့ရဲ့အပြစ်တွေ များသည်ထက် များလာပြီ။ နောက်ဆုံးမှာ အမျက်တော်ကို ခံရဖို့ပဲ ရှိတော့တယ်။+
-