-
ဝတ်ပြုရာ ၂၆:၃၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၁ မင်းတို့ရဲ့ မြို့တွေကို ဓားဘေးနဲ့ ဖျက်ဆီးမယ်။+ ဝတ်ကျောင်းတွေကို ပျက်စီးစေမယ်။ မင်းတို့ဆက်သတဲ့ ပူဇော်သက္ကာတွေရဲ့ မွှေးကြိုင်တဲ့ရနံ့ကို ငါလက်ခံမှာ မဟုတ်ဘူး။
-
-
၁ ဘုရင်များ ၉:၇၊ ၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ ငါပေးထားတဲ့ပြည်ကနေ အစ္စရေးတွေကို ပယ်ရှင်းမယ်။+ ငါ့နာမည်အတွက် သန့်ရှင်းမြင့်မြတ်စေတဲ့ ဒီအိမ်တော်ကို ငါ့ရှေ့မှောက်ကနေ ဖယ်ရှားမယ်။+ အစ္စရေးတွေဟာ လူမျိုးတွေအလယ်မှာ နှာခေါင်းရှုံ့စရာ၊ လှောင်ပြောင်စရာ ဖြစ်လာမယ်။+ ၈ ဒီအိမ်တော်ဟာလည်း အပျက်အယွင်းပုံကြီး ဖြစ်သွားမယ်။+ လမ်းသွားလမ်းလာတွေက အံ့သြတကြီးကြည့်ပြီး လှောင်ပြောင်ကြမယ်။* ‘ယေဟောဝါက ဒီပြည်နဲ့ ဒီအိမ်တော်ကို ဘာကြောင့် ဒီလိုလုပ်လိုက်တာပါလိမ့်’ လို့ပြောကြလိမ့်မယ်။+
-
-
ယေရမိ ၂၂:၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅ “‘ဒီစကားတွေကို မင်းတို့ မနာခံဘူးဆိုရင်တော့ ဒီနန်းတော် ပျက်စီးသွားမယ်လို့ ငါ့ကိုယ်ငါ တိုင်တည်ပြီး ကျိန်ဆိုတယ်။’+ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။
-