-
ဟေရှာယ ၆:၉၊ ၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၉ ဘုရားက “ဒီလူမျိုးဆီ မင်းသွားပါ–
‘မင်းတို့ အကြိမ်ကြိမ် ကြားရပေမဲ့
နားလည်မှာမဟုတ်ဘူး။
အကြိမ်ကြိမ် မြင်ရပေမဲ့
ဘာမှသိလာမှာ မဟုတ်ဘူး’+ လို့ပြောလိုက်ပါ။
၁၀ ဒီလူတွေရဲ့ စိတ်တံခါးကို ပိတ်ပစ်ပါ။+
နားကို ထိုင်းစေပါ။+
မျက်စိကိုလည်း ပိတ်ပစ်ပါ။
သူတို့ဟာ နားရှိလျက်နဲ့ မကြား၊
မျက်စိရှိလျက်နဲ့ မမြင် ဖြစ်ကြလိမ့်မယ်။
နားမလည်နိုင်ဘဲ ဖြစ်လိမ့်မယ်။
သူတို့ ပြန်မလှည့်လာတော့ ကုသပေးလို့လည်း မရဘူး” လို့ပြောတယ်။
-
-
မဿဲ ၁၃:၁၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၄ ဟေရှာယရဲ့ ပရောဖက်ပြုချက်က သူတို့ဆီမှာ ပြည့်စုံနေတာပဲ။ ‘မင်းတို့ဟာ ကြားလျက်နဲ့ ဆိုလိုရင်းကို လုံးဝသဘောပေါက်မှာ မဟုတ်ဘူး။ ကြည့်လျက်နဲ့ လုံးဝမြင်မှာ မဟုတ်ဘူး။+
-