ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • မဿဲ ၂၁:၃၃-၄၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၃ “နောက်ပုံဥပမာကို နားထောင်ကြပါ– မြေရှင်တစ်ယောက်က စပျစ်ခြံကို  စိုက်ပျိုးပြီး+  ခြံစည်းရိုးခတ်တယ်။ စပျစ်သီးနယ်ရာကျင်းကို တူးပြီး လင့်စင်ဆောက်တယ်။+ ပြီးတော့ ခြံလုပ်သားတွေကို သီးစားချပြီးတဲ့နောက် ခရီးထွက်သွားတယ်။+ ၃၄ အသီးခူးချိန်ရောက်တဲ့အခါ ခြံလုပ်သားတွေဆီ ကျွန်တွေလွှတ်ပြီး  သီးစားခ  တောင်းခိုင်းတယ်။ ၃၅ ဒါပေမဲ့ ခြံလုပ်သားတွေက ကျွန်တွေကိုဖမ်းပြီး တစ်ယောက်ကို ရိုက်တယ်။  နောက်တစ်ယောက်ကို  သတ်ပစ်တယ်။  နောက်တစ်ယောက်ကိုကျတော့ ခဲနဲ့ပေါက်သတ်တယ်။+ ၃၆ ခြံပိုင်ရှင်လည်း အရင်ထက်ပိုများတဲ့ ကျွန်တွေကို ထပ်လွှတ်တဲ့အခါ ခြံလုပ်သားတွေက အရင်အတိုင်းပဲ လုပ်ကြတယ်။+ ၃၇ နောက်ဆုံး၊ ခြံပိုင်ရှင်က ‘ငါ့သားကိုတော့ လေးစားကြမှာပါ’ လို့တွေးပြီး သားကို လွှတ်လိုက်တယ်။ ၃၈ ခြံလုပ်သားတွေက သားကိုမြင်တော့ ‘ဒီခြံကို အမွေဆက်ခံမယ့်သူပဲ။+ သူ့ကိုသတ်ပစ်ရအောင်။ ဒါဆို သူ့အမွေကို ငါတို့ရပြီ’ လို့တိုင်ပင်ကြတယ်။ ၃၉ ဒါနဲ့ သူ့ကိုဖမ်း၊ ခြံပြင်ဆွဲထုတ်ပြီး သတ်လိုက်တယ်။+ ၄၀ ခြံပိုင်ရှင် ရောက်လာတဲ့အခါ ခြံလုပ်သားတွေကို ဘာလုပ်မလဲ” လို့မေးတယ်။ ၄၁ ပုရောဟိတ်ကြီးတွေနဲ့ အကြီးအကဲတွေက “ဒီလူယုတ်မာတွေကို သတ်ပစ်မှာပေါ့။  စပျစ်ခြံကိုတော့  အသီးခူးချိန်မှာ  သီးစားခပေးမယ့်  တခြားခြံလုပ်သားတွေဆီ ငှားပါလိမ့်မယ်” လို့ဖြေကြတယ်။

  • မာကု ၁၂:၁-၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၂ အဲဒီနောက် ယေရှုက ပုံဥပမာတွေသုံးပြီး လူတွေကို ဟောပြောတယ်– “လူတစ်ယောက်က စပျစ်ခြံကို စိုက်ပျိုးပြီး+ ခြံစည်းရိုးခတ်တယ်။ စပျစ်သီးနယ်ဖို့ ကျင်းကိုတူးပြီး လင့်စင်ဆောက်တယ်။+ ပြီးတော့ ခြံလုပ်သားတွေကို သီးစားချပြီးတဲ့နောက် ခရီးထွက်သွားတယ်။+ ၂ အသီးခူးချိန်ရောက်တဲ့အခါ ခြံလုပ်သားတွေဆီ ကျွန်တစ်ယောက် လွှတ်ပြီး သူရမယ့်ဝေစုကို တောင်းခိုင်းတယ်။ ၃ ဒါပေမဲ့ ခြံလုပ်သားတွေက ကျွန်ကို ဖမ်းဆီးရိုက်နှက်ပြီး  လက်ဗလာနဲ့  ပြန်လွှတ်လိုက်တယ်။ ၄ ကျွန်နောက်တစ်ယောက်ကို လွှတ်တဲ့အခါ ခြံလုပ်သားတွေက သူ့ခေါင်းကို  ရိုက်ပြီး  အရှက်ခွဲလိုက်တယ်။+ ၅ နောက်တစ်ယောက်ကို ထပ်လွှတ်တော့လည်း သတ်လိုက်ပြန်တယ်။ ဒါနဲ့ ကျွန်အများကြီးကို လွှတ်တဲ့အခါ တချို့ကို ရိုက်နှက်ပြီး တချို့ကို သတ်ပစ်တယ်။ ၆ ခြံပိုင်ရှင်မှာ ချစ်ရတဲ့သားတစ်ယောက် ရှိတယ်။+ နောက်ဆုံးမှာ ‘ငါ့သားကိုတော့ လေးစားကြမှာပါ’  လို့တွေးပြီး  သားကို  လွှတ်လိုက်တယ်။ ၇ ဒါပေမဲ့ ခြံလုပ်သားတွေက ‘ဒီခြံကို အမွေဆက်ခံမယ့် သူပဲ။+ သူ့ကို သတ်ပစ်ရအောင်။ ဒါဆိုရင် သူ့အမွေကို ငါတို့ရပြီ’ လို့တိုင်ပင်ကြတယ်။ ၈ ဒါနဲ့ သူ့ကို ဖမ်းဆီးသတ်ဖြတ်ပြီး ခြံပြင်ဆွဲထုတ်တယ်။+ ၉ ဒီတော့ ခြံပိုင်ရှင် ဘာလုပ်မလဲ။ သူကိုယ်တိုင် စပျစ်ခြံကိုလာ၊ ခြံလုပ်သားတွေကို သတ်ပစ်ပြီးတဲ့နောက် တခြားလူတွေဆီ ခြံကို ငှားမှာပေါ့။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ