၁၄ “ငါ့အတွက် တစ်နှစ် သုံးကြိမ် ပွဲတော်ကျင်းပရမယ်။+ ၁၅ တဆေးမဲ့မုန့်ပွဲတော်ကို ကျင်းပရမယ်။+ မင်းတို့က အဗိဗလမှာ အီဂျစ်ပြည်ကနေ ထွက်လာတဲ့အတွက် အဗိဗလ၊ သတ်မှတ်ထားတဲ့ရက်ရောက်ရင် ငါမိန့်မှာထားတဲ့အတိုင်း ခုနစ်ရက်လုံး တဆေးမဲ့မုန့်ကို စားရမယ်။+ ငါ့ဆီ ဘယ်သူမှ လက်ဗလာနဲ့ မလာရဘူး။+