-
ရောမ ၂:၂၈၊ ၂၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၈ အပြင်ပန်းအားဖြင့် ဂျူးလူမျိုးဖြစ်တဲ့သူဟာ+ ဂျူးလူမျိုးအစစ်အမှန် မဟုတ်ဘူး။ အပြင်ပန်းအားဖြင့် ကိုယ်ခန္ဓာမှာ အရေဖျား ဖြတ်ထားတာကလည်း အရေဖျားဖြတ်ခြင်း အစစ်အမှန် မဟုတ်ဘူး။+ ၂၉ အတွင်းသဘောအားဖြင့် ဂျူးလူမျိုးဖြစ်တဲ့သူသာ+ ဂျူးလူမျိုး အစစ်အမှန်ပဲ။ မောရှေရေးခဲ့တဲ့ ပညတ်တွေအားဖြင့် မဟုတ်ဘဲ စွမ်းအားတော်အားဖြင့်+ နှလုံးသားကို အရေဖျားဖြတ်ထားမှသာ*+ အရေဖျားဖြတ်ခြင်း အစစ်အမှန်ပဲ။ သူ့ကို လူတွေမဟုတ်ဘဲ ဘုရားသခင်ကိုယ်တိုင် ချီးမွမ်းလိမ့်မယ်။+
-
-
ရောမ ၉:၇၊ ၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ အလားတူ၊ အာဗြဟံရဲ့ မျိုးနွယ်ဖြစ်တိုင်း အာဗြဟံရဲ့ သားသမီးတွေမှမဟုတ်တာ။+ “မင်းရဲ့မျိုးနွယ်လို့ အခေါ် ခံရမယ့်သူဟာ အိဇက်ကနေဆင်းသက်လာမယ်”+ လို့ ကျမ်းစာမှာ ရေးထားတယ်။ ၈ ဆိုလိုတာက အာဗြဟံရဲ့ သားသမီးတွေဖြစ်တိုင်း ဘုရားသခင်ရဲ့သားသမီး အစစ်အမှန်ဖြစ်တာ မဟုတ်ဘူး။+ ကတိတော်ကြောင့်ရလာတဲ့ သားသမီးတွေသာ+ အာဗြဟံရဲ့ မျိုးနွယ်အစစ်အမှန်လို့ သတ်မှတ်ခံရမှာ။
-
-
ဂလာတိ ၃:၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ ယုံကြည်ခြင်းနဲ့ အသက်ရှင်သူတွေဟာ အာဗြဟံရဲ့ သားသမီးတွေဖြစ်မှန်း ခင်ဗျားတို့သိပါတယ်။+
-