ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဟေရှာယ ၅၃:၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၇ သူဟာ ဖိနှိပ်ခံရတယ်၊+ ဒုက္ခခံခဲ့ရတယ်။+

      ဒါပေမဲ့ စကားတစ်ခွန်းမှ မဟခဲ့ဘူး။

      အသတ်ခံရမယ့် သိုးလို သူ့ကိုခေါ်သွားတယ်။+

      အမွေးညှပ်သူရှေ့မှာ တိတ်တိတ်လေးနေတဲ့ သိုးမလို စကားတစ်ခွန်းမှ မဟခဲ့ဘူး။+

  • ဟေရှာယ ၅၃:၁၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၁ ခံရတဲ့ဝေဒနာကြောင့် ရလာမယ့် အကျိုးကိုမြင်ပြီး ကျေနပ်လိမ့်မယ်။

      ငါ့ရဲ့ ဖြောင့်မတ်တဲ့ကျွန်ဟာ ရထားတဲ့ အသိပညာအားဖြင့်+ လူများစွာကို ဖြောင့်မတ်တဲ့အနေအထား ရရှိစေလိမ့်မယ်။+

      လူတွေရဲ့အမှားတွေကို ထမ်းလိမ့်မယ်။+

  • ၁ ကောရိန္သု ၁၅:၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃ ကိုယ်တိုင်သင်ယူပြီး ခင်ဗျားတို့ကို ပြန်သင်ပေးခဲ့တဲ့ အရေးကြီးဆုံး အချက်ကတော့ ကျမ်းစာမှာ ပြောထားတဲ့အတိုင်း ခရစ်တော်ဟာ ကျွန်တော်တို့အပြစ်အတွက်  အသေခံခဲ့တယ်၊+

  • ဟီဘရူး ၉:၁၃၊ ၁၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၃ ဆိတ်သွေး၊ နွားသွေး၊+ မစင်ကြယ်သူတွေအပေါ်ဖျန်းတဲ့ နွားမပျိုရဲ့ ပြာတွေက သူတို့ကို ဘုရားရဲ့အမြင်မှာ စင်ကြယ်စေတယ်ဆိုရင်၊+ ၁၄ ခရစ်တော်ရဲ့သွေးက+ ကျွန်တော်တို့ကို ပိုလို့တောင် စင်ကြယ်စေမှာပဲ။ ခရစ်တော်က ထာဝရတည်တဲ့ စွမ်းအားတော်ရဲ့ လမ်းညွှန်မှုအတိုင်း အပြစ်အနာအဆာမရှိတဲ့ ပူဇော်သက္ကာအဖြစ် မိမိကိုယ်ကို ဘုရားသခင်ဆီ ဆက်သခဲ့တယ်။ သူ့ရဲ့သွေးက ကျွန်တော်တို့ရဲ့ အမှားအမှန်သိစိတ်ကို ကြည်လင်စေတယ်။ သေခြင်းနဲ့ဆိုင်တဲ့ အကျင့်တွေကို ကျွန်တော်တို့ မကျင့်တော့ဘူး။+ ဒါကြောင့် အသက်ရှင်တဲ့ ဘုရားသခင်ကို ဝတ်ပြုနိုင်ကြတယ်။+

  • ၁ ပေတရု ၂:၂၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၄ ကျွန်တော်တို့ရဲ့ အပြစ်တွေကို သူ့ခန္ဓာကိုယ်မှာ သယ်ဆောင်ပြီး+ သစ်တိုင်ပေါ်မှာ ကွပ်မျက်ခံခဲ့တယ်။+ ဒါကြောင့် ကျွန်တော်တို့ဟာ အပြစ်နဲ့မသက်ဆိုင်တော့ဘဲ ဖြောင့်မတ်ရာကို လုပ်ဆောင်ဖို့ အသက်ရှင်နေကြပြီ။  ဒါ့အပြင်  “သူ့ဒဏ်ရာတွေကြောင့် ခင်ဗျားတို့ အနာရောဂါ ပျောက်ကင်းသွားပြီ။”+

  • ၁ ယောဟန် ၃:၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၅ ကျွန်တော်တို့ရဲ့ အပြစ်တွေကို ဖယ်ရှားဖို့ ယေရှုခရစ် ရောက်လာခဲ့မှန်းကိုလည်း+ ခင်ဗျားတို့ သိပါတယ်။  သူ့မှာ  အပြစ်မရှိဘူး။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ