၂၁ ယေဟောဝါက ပြောခဲ့တဲ့အတိုင်း စာရာကို သတိရတယ်။ စာရာကို ကတိပေးထားတဲ့အတိုင်း ယေဟောဝါ လုပ်ဆောင်တယ်။+ ၂ ဒါကြောင့် စာရာမှာ ကိုယ်ဝန်ရှိလာပြီး+ အာဗြဟံ အိုမင်းချိန်၊ ဘုရားသခင် ကတိပေးထားတဲ့အချိန်မှာ သားတစ်ယောက် မွေးလာတယ်။+ ၃ အာဗြဟံက စာရာမွေးတဲ့ သားကို အိဇက်လို့ နာမည်ပေးတယ်။+