-
ကမ္ဘာဦး ၃၇:၉-၁၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၉ အဲဒီနောက် ယောသပ် အိပ်မက်မက်ပြန်တယ်။ “ကျွန်တော် အိပ်မက်ထပ်မက်တယ်။ ဒီတစ်ခါတော့ နေ၊ လနဲ့ ကြယ် ၁၁ လုံးက ကျွန်တော့်ကို ဦးညွှတ်နေကြတယ်”+ လို့ အစ်ကိုတွေကို ပြောပြတယ်။ ၁၀ အဲဒီအိပ်မက်အကြောင်း အဖေနဲ့အစ်ကိုတွေကို ပြောပြတော့ အဖေက “ဘယ်လို အိပ်မက်ကြီးလဲ။ ငါရော၊ မင်းအမေရော၊ မင်းအစ်ကိုတွေရော မင်းဆီလာပြီး ဦးညွှတ်ရမယ်ဆိုတဲ့ သဘောလား” ဆိုပြီး ဆုံးမတယ်။ ၁၁ အစ်ကိုတွေက သူ့ကို မနာလိုဖြစ်ပေမဲ့+ အဖေကတော့ အဲဒီအကြောင်းကို စိတ်ထဲမှတ်ထားတယ်။
-