-
ဟေရှာယ ၅၃:၇၊ ၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ သူဟာ ဖိနှိပ်ခံရတယ်၊+ ဒုက္ခခံခဲ့ရတယ်။+
ဒါပေမဲ့ စကားတစ်ခွန်းမှ မဟခဲ့ဘူး။
အသတ်ခံရမယ့် သိုးလို သူ့ကိုခေါ်သွားတယ်။+
အမွေးညှပ်သူရှေ့မှာ တိတ်တိတ်လေးနေတဲ့ သိုးမလို စကားတစ်ခွန်းမှ မဟခဲ့ဘူး။+
၈ သူ့ကို ဖိနှိပ်ကြတယ်။ မျှမျှတတ မစီရင်ဘဲ ဖယ်ရှားပစ်ကြတယ်။
သူ့မျိုးရိုးဇာတိအကြောင်း အသေးစိတ်ကို ဘယ်သူအရေးလုပ်လို့လဲ။
သူ့ကို သက်ရှိလောကထဲကနေ ပယ်ရှင်းကြတယ်။+
ငါ့လူတွေရဲ့ အပြစ်ကြောင့် သူရိုက်နှက်ခံရတယ်။+
-
-
ဒံယေလ ၉:၂၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၆ “၆၂ သီတင်းကုန်ဆုံးတဲ့အခါ မေရှိယဟာ ဘာကိုမှ မပိုင်ဆိုင်ဘဲ+ ပယ်ရှင်းခံရမယ်။+
“ပေါ်လာမယ့် ခေါင်းဆောင်ရဲ့ လူတွေက မြို့တော်နဲ့ သန့်ရှင်းရာအရပ်ကို ဖျက်ဆီးမယ်။+ ရေလွှမ်းမိုးဘေးကြောင့် ဇာတ်သိမ်းသွားမယ်။* အဲဒီဇာတ်သိမ်းခန်း မရောက်မချင်း စစ်ဖြစ်နေလိမ့်မယ်။ ဘုရားသခင်ရဲ့ ဆုံးဖြတ်ချက်အရ ပျက်စီးခြင်း ရောက်လာမယ်။+
-