-
တမန်တော် ၂၀:၂၂၊ ၂၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၂ အခု၊ စွမ်းအားတော် စေခိုင်းချက်အရ ဂျေရုဆလင်မြို့ကို သွားရတော့မယ်။ အဲဒီမြို့မှာ ဘာတွေကြုံရမယ်မှန်း မသိရသေးဘူး။ ၂၃ ဒါပေမဲ့ ထောင်ချခံရမယ်၊ ဆင်းရဲဒုက္ခ ကြုံတွေ့ရမယ်ဆိုပြီး သန့်ရှင်းသော စွမ်းအားတော်က မြို့တိုင်းမှာ အကြိမ်ကြိမ် သတိပေးတာကိုတော့ ကျွန်တော်သိတယ်။+
-
-
၂ ကောရိန္သု ၁၁:၂၃-၂၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၃ သူတို့ဟာ ခရစ်တော်ရဲ့ အမှုတော်ဆောင်တွေလား။ ဒါဆိုရင် ရူးရူးမိုက်မိုက် ပြောလိုက်ဦးမယ်။ ကျွန်တော်က သူတို့ထက် ပိုသာတယ်။ သူတို့ထက် အလုပ်ကြိုးစားတယ်။+ သူတို့ထက် ကြိမ်ဖန်များစွာ ထောင်ကျခဲ့တယ်။+ အကြိမ်ကြိမ် အရိုက်ခံခဲ့ရတယ်။ သေဘေးလည်း အကြိမ်ကြိမ် ကြုံခဲ့ရတယ်။+ ၂၄ ဂျူးတွေရဲ့လက်ချက်နဲ့ ကြိမ်ဒဏ် ၃၉ ချက်ကို ၅ ကြိမ် အရိုက်ခံခဲ့ရတယ်။+ ၂၅ တုတ်နဲ့ရိုက်တာ ၃ ကြိမ်၊+ ကျောက်ခဲနဲ့ပေါက်တာ ၁ ကြိမ်၊+ သင်္ဘောပျက်တာ ၃ ကြိမ် ကြုံခဲ့ရတယ်။+ တစ်နေ့လုံး တစ်ညလုံး ပင်လယ်ထဲမှာ မျောခဲ့ရတယ်။ ၂၆ အကြိမ်ကြိမ် ခရီးသွားခဲ့ရတယ်။ မြစ်ရေလျှံတဲ့ဘေး၊ ဓားပြဘေး၊ ကိုယ့်လူမျိုးတွေပေးတဲ့ဘေး၊+ လူမျိုးခြားတွေပေးတဲ့ဘေး၊+ မြို့မှာကြုံတဲ့ဘေး၊+ တောမှာကြုံတဲ့ဘေး၊ ပင်လယ်မှာ ကြုံတဲ့ဘေး၊ ညီအစ်ကို ဖြစ်ယောင်ဆောင်သူတွေ ပေးတဲ့ဘေး ကြုံခဲ့ရတယ်။ ၂၇ ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ရတယ်၊ ညပေါင်းများစွာ အိပ်ရေးပျက်ခဲ့ရတယ်၊+ ဆာလောင်ငတ်မွတ်ခဲ့ရတယ်၊+ အစာရေစာ ပြတ်လပ်ခဲ့ရတယ်၊+ အအေးဒဏ်ခံခဲ့ရတယ်၊ ဝတ်စရာမရှိ ဖြစ်ခဲ့ရတယ်။
၂၈ အဲဒီဒုက္ခတွေ ကြုံရတဲ့အပြင် အသင်းတော်တွေအတွက်လည်း နေ့တိုင်းလိုလို စိတ်ပူနေရသေးတယ်။+
-