၂ ပေါလုက ခါတိုင်းလိုပဲ+ တရားဇရပ်ထဲဝင်ပြီး ဥပုသ်နေ့သုံးနေ့တိုင်တိုင် ကျမ်းစာသုံးပြီး သူတို့နဲ့ ကျိုးကြောင်းဆင်ခြင်တယ်။+ ၃ ခရစ်တော်ဟာ ဆင်းရဲဒုက္ခခံရမယ်၊+ သေရာကနေ အသက်ပြန်ရှင်ရမယ်ဆိုတဲ့+ အကိုးအကားတွေကို သူထောက်ပြပြီး “ကျွန်တော်ပြောနေတဲ့ ယေရှုဟာ ခရစ်တော်ပဲ” လို့ ရှင်းပြတယ်။