-
လုကာ ၂:၂၉-၃၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၉ “အချုပ်အခြာအာဏာပိုင်ရှင်၊ ကိုယ်တော်ပြောခဲ့တဲ့အတိုင်း ဒီကလေးကို ကျွန်တော် မြင်ခွင့်ရပြီဖြစ်လို့ အခုတော့ သေပျော်ပါပြီ။+ ၃၀ ကိုယ်တော် ကယ်တင်မယ့် နည်းလမ်းကို ကျွန်တော် မြင်ခွင့်ရပါပြီ။+ ၃၁ အဲဒီနည်းကို လူတွေအားလုံးလည်း မြင်ခွင့်ရပါပြီ။+ ၃၂ ဒီကလေးဟာ လူမျိုးခြားတွေအတွက် အမှောင်ထုကို ဖယ်ရှားပေးမယ့်+ အလင်းပါ။+ လူမျိုးတော်အစ္စရေးအတွက် တောက်ပတဲ့ အလင်းရောင်ပါ” လို့ပြောတယ်။
-
-
တမန်တော် ၁၈:၅၊ ၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅ မက်ဆီဒိုးနီးယားပြည်ကနေ သိလနဲ့+ တိမောသေ+ ရောက်လာတဲ့အခါ ပေါလုက တရားစကား ဟောပြောတဲ့အလုပ်ကိုပဲ အာရုံစိုက်တော့တယ်။ ယေရှုဟာ ခရစ်တော်ဖြစ်တဲ့အကြောင်း ဂျူးတွေကို သူသက်သေခံတယ်။+ ၆ ဒါပေမဲ့ သူတို့က တစ်ချိန်လုံး အတိုက်အခံလုပ်ပြီး ရင့်ရင့်သီးသီး ပြောနေတော့ ပေါလုလည်း အဝတ်ကို ခါပြီး+ “ခင်ဗျားတို့ ကယ်တင်ခြင်းမရရင် ကျွန်တော့်အပြစ် မဟုတ်ဘူး၊+ ခင်ဗျားတို့အပြစ်ပဲ။+ ကျွန်တော်ကတော့ အခုကစပြီး လူမျိုးခြားတွေဆီ သွားတော့မယ်”+ လို့ပြောတယ်။
-