-
၁ တိမောသေ ၄:၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄ နောင်တစ်ချိန်မှာ လူတချို့က ဘုရားဆီကလာတယ်လို့ ထင်ရတဲ့ မှားယွင်းတဲ့စကားတွေ၊+ နတ်ဆိုးတွေရဲ့ သွန်သင်ချက်တွေကို နားယောင်ပြီး ယုံကြည်ခြင်းကို စွန့်သွားလိမ့်မယ်လို့ ဘုရားသခင့် စွမ်းအားတော်က ရှင်းရှင်းလင်းလင်း ဆိုထားတယ်။
-
-
၁ ယောဟန် ၂:၁၈၊ ၁၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၈ သားသမီးတို့၊ အခုအချိန်ဟာ နောက်ဆုံးအချိန်ပဲ။ ခရစ်တော်ကိုဆန့်ကျင်သူ* ပေါ်လာမယ်လို့+ ခင်ဗျားတို့ ကြားထားတဲ့အတိုင်း ခရစ်တော်ကိုဆန့်ကျင်သူ အမြောက်အမြား အခုပဲ ပေါ်လာပြီ။+ ဒါကြောင့် နောက်ဆုံးအချိန်ကို ရောက်နေပြီဆိုတာ သိနိုင်တယ်။ ၁၉ သူတို့ဟာ ကျွန်တော်တို့လို လူစားမျိုး မဟုတ်တော့ ကျွန်တော်တို့ဆီကနေ ထွက်သွားကြပြီ။+ ကျွန်တော်တို့လို လူစားမျိုးဖြစ်ရင် ကျွန်တော်တို့နဲ့အတူ ရှိနေမှာပဲ။ အခု သူတို့ထွက်သွားပြီဆိုတော့ ကျွန်တော်တို့လို လူစားမျိုးမဟုတ်မှန်း ထင်ရှားပြီပေါ့။+
-