-
တမန်တော် ၂၀:၂၂၊ ၂၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၂ အခု၊ စွမ်းအားတော် စေခိုင်းချက်အရ ဂျေရုဆလင်မြို့ကို သွားရတော့မယ်။ အဲဒီမြို့မှာ ဘာတွေကြုံရမယ်မှန်း မသိရသေးဘူး။ ၂၃ ဒါပေမဲ့ ထောင်ချခံရမယ်၊ ဆင်းရဲဒုက္ခ ကြုံတွေ့ရမယ်ဆိုပြီး သန့်ရှင်းသော စွမ်းအားတော်က မြို့တိုင်းမှာ အကြိမ်ကြိမ် သတိပေးတာကိုတော့ ကျွန်တော်သိတယ်။+
-
-
တမန်တော် ၂၁:၁၀၊ ၁၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၀ အဲဒီမှာ ကျွန်တော်တို့ ရက်အတန်ကြာ တည်းခိုနေတုန်း အာဂဗုလို့ခေါ်တဲ့+ ပရောဖက်တစ်ယောက် ယုဒပြည်ကနေ ရောက်လာတယ်။ ၁၁ သူက ကျွန်တော်တို့ဆီ ရောက်လာတဲ့အခါ ပေါလုရဲ့ခါးစည်းကိုယူပြီး ခြေလက်တွေကို သူ့ဘာသာသူ ချည်နှောင်တယ်။ ပြီးတော့ “‘ဂျေရုဆလင်မြို့မှာ ဂျူးတွေက ဒီခါးစည်းပိုင်ရှင်ကို ဒီလိုချည်နှောင်ပြီး+ လူမျိုးခြားတွေလက်ထဲ အပ်နှံလိမ့်မယ်’+ လို့ သန့်ရှင်းသော စွမ်းအားတော်က အသိပေးပါတယ်” ဆိုပြီး ဟောတယ်။
-