ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တမန်တော် ၉:၃-၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃ ရှောလုက ခရီးထွက်လာပြီး ဒမတ်စကတ်မြို့နား ရောက်ခါနီးမှာ ကောင်းကင်က အလင်းတန်းတစ်ခု သူ့အပေါ် ရုတ်တရက်  ထွန်းလင်းလာတယ်။+ ၄ သူ မြေပေါ်လဲသွားတဲ့အခါ “ရှောလု၊ ရှောလု၊ ငါ့ကို ဘာလို့ နှိပ်စက်ညှဉ်းဆဲနေတာလဲ” ဆိုတဲ့အသံ ကြားလိုက်ရတယ်။ ၅ ရှောလုက “သခင်ဟာ ဘယ်သူလဲ” လို့မေးတဲ့အခါ “ငါဟာ မင်းနှိပ်စက်ညှဉ်းဆဲနေတဲ့+ ယေရှုပဲ။+ ၆ အခု၊ ထပြီး မြို့ထဲဝင်ပါ။ မင်းဘာလုပ်ရမယ်ဆိုတာ လာပြောပြလိမ့်မယ်” လို့ဖြေတယ်။ ၇ ရှောလုနဲ့အတူ ခရီးသွားတဲ့သူတွေက အသံကိုတော့ ကြားပြီး အသံရှင်ကို မမြင်ရတဲ့အတွက် စကားတစ်ခွန်းမှ မပြောနိုင်ဘဲ ရပ်နေကြတယ်။+ ၈ ရှောလုက မြေပေါ်ကနေ ထပြီး မျက်စိဖွင့်ကြည့်လိုက်တဲ့အခါ ဘာမှမမြင်ရတော့ဘူး။ ဒါနဲ့ သူ့ကိုတွဲပြီး ဒမတ်စကတ်မြို့ထဲ ခေါ်သွားကြတယ်။

  • တမန်တော် ၂၆:၁၃-၁၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၃ အရှင်မင်းကြီး၊ မွန်းတည့်ချိန်ရောက်တော့ လမ်းမှာ နေရောင်ထက် တောက်ပတဲ့ အလင်းတန်းတစ်ခုက ကျွန်တော်နဲ့ ခရီးသွားဖော်တွေအပေါ် ကောင်းကင်ကနေ ထွန်းတောက်လာတယ်။+ ၁၄ ကျွန်တော်တို့အားလုံး မြေပေါ်လဲသွားတဲ့အခါ ဟီဘရူးလို စကားသံတစ်ခု ထွက်ပေါ်လာပြီး “ရှောလု၊ ရှောလု၊ ငါ့ကို ဘာလို့ နှိပ်စက်ညှဉ်းဆဲနေတာလဲ။ တုတ်ချွန်ကို ကန်ရင် မင်းပဲ နာကျင်မှာပေါ့’ လို့ပြောတာကို ကျွန်တော် ကြားပါတယ်။ ၁၅ ဒါနဲ့ ကျွန်တော်က ‘သခင်ဟာ ဘယ်သူလဲ’ လို့မေးတော့ သခင်က ‘ငါဟာ မင်း နှိပ်စက်ညှဉ်းဆဲနေတဲ့ ယေရှုပဲ။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ