-
ဟေရှာယ ၆:၉၊ ၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၉ ဘုရားက “ဒီလူမျိုးဆီ မင်းသွားပါ–
‘မင်းတို့ အကြိမ်ကြိမ် ကြားရပေမဲ့
နားလည်မှာမဟုတ်ဘူး။
အကြိမ်ကြိမ် မြင်ရပေမဲ့
ဘာမှသိလာမှာ မဟုတ်ဘူး’+ လို့ပြောလိုက်ပါ။
၁၀ ဒီလူတွေရဲ့ စိတ်တံခါးကို ပိတ်ပစ်ပါ။+
နားကို ထိုင်းစေပါ။+
မျက်စိကိုလည်း ပိတ်ပစ်ပါ။
သူတို့ဟာ နားရှိလျက်နဲ့ မကြား၊
မျက်စိရှိလျက်နဲ့ မမြင် ဖြစ်ကြလိမ့်မယ်။
နားမလည်နိုင်ဘဲ ဖြစ်လိမ့်မယ်။
သူတို့ ပြန်မလှည့်လာတော့ ကုသပေးလို့လည်း မရဘူး” လို့ပြောတယ်။
-
-
မဿဲ ၁၃:၁၄၊ ၁၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၄ ဟေရှာယရဲ့ ပရောဖက်ပြုချက်က သူတို့ဆီမှာ ပြည့်စုံနေတာပဲ။ ‘မင်းတို့ဟာ ကြားလျက်နဲ့ ဆိုလိုရင်းကို လုံးဝသဘောပေါက်မှာ မဟုတ်ဘူး။ ကြည့်လျက်နဲ့ လုံးဝမြင်မှာ မဟုတ်ဘူး။+ ၁၅ ဒီလူတွေဟာ စိတ်တံခါးကို ပိတ်ထားကြတယ်။ ကြားပေမဲ့ မလိုက်နာဘူး။ ဘာမှမကြားရ၊ မမြင်ရအောင် နားမျက်စိကို ပိတ်ထားတယ်။ ဒါကြောင့် ဆိုလိုရင်းကို သဘောမပေါက်ကြဘူး။ ငါ့ဆီ ပြန်မလှည့်လာတော့ ငါလည်း သူတို့ပြန်ကောင်းလာအောင် ကုသပေးလို့ မရဘူး’+ လို့ ရေးထားတယ်။
-