-
ရောမ ၁၅:၂၆၊ ၂၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၆ မက်ဆီဒိုးနီးယားပြည်နဲ့ အခါယပြည်မှာရှိတဲ့သူတွေက ဂျေရုဆလင်မြို့မှာရှိတဲ့ သန့်ရှင်းသူတွေထဲက နွမ်းပါးသူတွေကို ပစ္စည်းဥစ္စာတချို့ ဝေမျှပြီး ရက်ရက်ရောရော လှူဒါန်းလိုက်လို့ပါ။+ ၂၇ သူတို့က ရက်ရက်ရောရော လှူဒါန်းချင်တယ်။ တကယ်လည်း သူတို့ဟာ ကျေးဇူးမကင်းသူတွေပါ။ ဘုရားသခင်ဆီက ကောင်းမွန်ရာတွေကို သန့်ရှင်းသူတွေဆီက ရရှိခဲ့တဲ့အတွက် သူတို့ဘက်ကလည်း သန့်ရှင်းသူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမယ့်တာဝန် ရှိပါတယ်။+
-
-
ဂလာတိ ၆:၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ ဒါ့အပြင် တရားစကားတော် သင်ယူသူတိုင်းဟာ သင်ပေးတဲ့သူကို ကောင်းမွန်ရာမှန်သမျှ မျှဝေပေးပါစေ။+
-
-
ဖိလိပ္ပိ ၄:၁၅-၁၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၅ ဖိလိပ္ပိမြို့သားတို့၊ သတင်းကောင်းကို စတင်ဟောပြောပြီးနောက် မက်ဆီဒိုးနီးယားပြည်ကနေ ကျွန်တော် ထွက်ခွာလာတုန်းက ခင်ဗျားတို့ကလွဲလို့ ဘယ်အသင်းတော်ကမှ ကျွန်တော့်ကို မကူညီခဲ့ကြဘူး။ ကျွန်တော့်အကူအညီကိုလည်း မယူခဲ့ကြဘူး။+ ၁၆ သက်သာလောနိတ်မြို့မှာ ကျွန်တော်ရှိတုန်းက လိုအပ်တာတွေကို နှစ်ကြိမ်တိတိ ခင်ဗျားတို့ ပို့ပေးခဲ့ကြတယ်။ ၁၇ ခင်ဗျားတို့ဆီက လက်ဆောင်ကို မျှော်နေတာ မဟုတ်ဘူး။ ပိုအကျိုးရစေမယ့် မွန်မြတ်တဲ့လုပ်ရပ်တွေ လုပ်စေချင်လို့ပါ။
-