-
ရောမ ၁၆:၂၅၊ ၂၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၅ ကျွန်တော်ဟောပြောတဲ့ ယေရှုခရစ်အကြောင်းနဲ့ သတင်းကောင်းက ခင်ဗျားတို့ကို ဘုရားသခင် ခိုင်ခံ့မြဲမြံစေနိုင်မှန်း ဖော်ပြနေတယ်။ အဲဒီသတင်းကောင်းဟာ ဘုရားသခင်ဖော်ပြတဲ့ မြင့်မြတ်တဲ့လျှို့ဝှက်ချက်နဲ့ ဆက်စပ်နေတယ်။+ ဒါဟာ အရင်ကတည်းက လျှို့ဝှက်ချက်ဖြစ်ခဲ့တယ်။ ၂၆ အခုတော့ အဲဒီလျှို့ဝှက်ချက်ကို ပရောဖက်ကျမ်းတွေအားဖြင့် ဖော်ပြပြီး အသိပေးလိုက်ပြီ။ ထာဝရဘုရားသခင်ရဲ့ အမိန့်တော်အတိုင်း လူမျိုးအပေါင်း ယုံကြည်ပြီး နာခံလာကြဖို့ပဲ။
-
-
ဧဖက် ၃:၈၊ ၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ သန့်ရှင်းသူအားလုံးထဲမှာ အရေးမပါဆုံးသူထက် ပိုပြီးအရေးမပါတဲ့+ ကျွန်တော်ဟာ အဲဒီမဟာကရုဏာတော်ကို ခံစားခဲ့ရတယ်။+ ဒါကြောင့် ခရစ်တော်ဆီကလာတဲ့ အတိုင်းမသိ ကြွယ်ဝမှုအကြောင်း သတင်းကောင်းကို လူမျိုးခြားတွေဆီ ကျွန်တော်ဟောပြောတယ်။ ၉ အရာခပ်သိမ်းကို ဖန်ဆင်းတဲ့ ဘုရားသခင်က ခေတ်အဆက်ဆက် လျှို့ဝှက်ထားတဲ့ မြင့်မြတ်တဲ့ လျှို့ဝှက်ချက်ကို+ ဘယ်လိုစီမံခန့်ခွဲတဲ့အကြောင်း လူတွေသိလာအောင် ကျွန်တော်ပြောပြတယ်။
-