-
လုကာ ၁၈:၁၀-၁၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၀ “ဖာရိရှဲတစ်ယောက်နဲ့ အခွန်ခံတစ်ယောက် ဗိမာန်တော်ကို တက်သွားပြီး ဆုတောင်းတယ်။ ၁၁ ဖာရိရှဲက မတ်တတ်ရပ်ပြီး ‘ဘုရားသခင်၊ ကျွန်တော်ဟာ အများတကာလို လုယက်သူ၊ မဖြောင့်မတ်သူ၊ အိမ်ထောင်ရေးဖောက်ပြန်သူ မဟုတ်တဲ့အပြင် ဟောဒီအခွန်ခံလိုလည်း မဟုတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ၁၂ ကျွန်တော်က တစ်ပတ်မှာ နှစ်ကြိမ် အစာရှောင်ပါတယ်။ ရသမျှကိုလည်း ဆယ်ဖို့တစ်ဖို့ ပေးလှူပါတယ်’+ လို့ ဆုတောင်းတယ်။ ၁၃ အခွန်ခံကတော့ ခပ်လှမ်းလှမ်းမှာရပ်ပြီး ကောင်းကင်ကိုတောင် မော့မကြည့်ဝံ့ဘဲ ‘ဘုရားသခင်၊ အပြစ်သားဖြစ်တဲ့ ကျွန်တော့်ကို သနားပါ’+ လို့ ရင်ဘတ်ကိုထုပြီး ဆုတောင်းတယ်။ ၁၄ အဲဒီနောက် အခွန်ခံ အိမ်ပြန်သွားတယ်။ ကျွန်တော် ပြောမယ်။ သူဟာ ဖာရိရှဲထက်ပိုဖြောင့်မတ်တယ်။+ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်တဲ့သူဟာ နှိမ့်ချခံရပြီး နှိမ့်ချတဲ့သူကတော့ ချီးမြှောက်ခံရလိမ့်မယ်။”+
-