-
၁ ကောရိန္သု ၁၂:၈-၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ ဘုရားသခင့် စွမ်းအားတော်ကြောင့် လူတစ်ယောက်က ဉာဏ်ပညာစကားကို ပြောနိုင်တယ်။ အဲဒီစွမ်းအားတော်ကြောင့်ပဲ နောက်တစ်ယောက်က အသိပညာစကားကို ပြောနိုင်တယ်။ ၉ အဲဒီစွမ်းအားတော်ကြောင့်ပဲ နောက်တစ်ယောက်က ယုံကြည်ခြင်း+ ရှိလာတယ်။ အဲဒီစွမ်းအားတော်ကြောင့်ပဲ နောက်တစ်ယောက်က ရောဂါကုသပေးနိုင်တယ်။+ ၁၀ တစ်ယောက်က တန်ခိုးပြနိုင်တဲ့အခွင့်၊+ တစ်ယောက်က ပရောဖက်ပြုနိုင်တဲ့အခွင့်၊ တစ်ယောက်က သတင်းစကားတွေကို ပိုင်းခြားသိမြင်နိုင်တဲ့အခွင့်၊+ တစ်ယောက်က ဘာသာစကားအမျိုးမျိုး ပြောဆိုနိုင်တဲ့အခွင့်၊+ တစ်ယောက်က ဘာသာပြန်ဆိုနိုင်တဲ့အခွင့်ကို ရတယ်။+
-