၄ ခရစ်တော်ဟာ အားနည်းလို့ သစ်တိုင်ပေါ် ကွပ်မျက်ခံခဲ့ရပေမဲ့ ဘုရားသခင်ရဲ့တန်ခိုးကြောင့် အသက်ပြန်ရှင်လာပြီ။+ ခရစ်တော်အားနည်းခဲ့ဖူးသလို ကျွန်တော်တို့လည်း အားနည်းနေပေမဲ့ ခင်ဗျားတို့အပေါ် သက်ရောက်နေတဲ့ ဘုရားသခင်ရဲ့ တန်ခိုးကြောင့်+ ခရစ်တော်နဲ့အတူ အသက်ရှင်ကြလိမ့်မယ်။+