-
ကောလောသဲ ၂:၁၂၊ ၁၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ ခရစ်တော်ခံတဲ့ နှစ်ခြင်းကို ခင်ဗျားတို့ ခံလိုက်တဲ့အခါ သူနဲ့အတူ သင်္ဂြိုဟ်ခံခဲ့ရတယ်။+ ခင်ဗျားတို့ဟာ သူ့နောက်လိုက်တွေ ဖြစ်တဲ့အတွက်၊ သူ့ကို သေရာကနေ အသက်ပြန်ရှင်စေတဲ့+ ဘုရားသခင်ရဲ့ တန်ခိုးကြီးလုပ်ရပ်ကို ယုံကြည်တဲ့အတွက် သူနဲ့အတူ အသက်ပြန်ရှင်လာခဲ့တယ်။+
၁၃ ဒါ့အပြင် ခင်ဗျားတို့ဟာ ပြစ်မှားမှုတွေ၊ ပကတိအရေဖျား မဖြတ်ထားတာတွေကြောင့် လူသေလို ဖြစ်ခဲ့ပေမဲ့ ဘုရားသခင်က ခင်ဗျားတို့ကို ခရစ်တော်နဲ့အတူ အသက်ရှင်စေပြီ။+ ကျွန်တော်တို့ရဲ့ အပြစ်မှန်သမျှကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်လိုက်ပြီ။+
-