-
ရောမ ၁၁:၂၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၅ ညီအစ်ကိုတို့၊ မြင့်မြတ်လှတဲ့ ဒီလျှို့ဝှက်ချက်ကို ခင်ဗျားတို့ သတိမမူမိတာမျိုး မဖြစ်စေချင်ဘူး။+ ဒီလိုမှမဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီလို့ ထင်နေကြမယ်။ အစ္စရေးတချို့ကတော့ စိတ်နှလုံး ထုံထိုင်းနေကြတယ်။ စုသိမ်းခံရမယ့် အရေအတွက်ဟာ လူမျိုးခြားတွေနဲ့ ပြည့်သွားတဲ့အချိန်အထိ သူတို့ အဲဒီလိုဖြစ်နေလိမ့်မယ်။
-
-
ရောမ ၁၆:၂၅၊ ၂၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၅ ကျွန်တော်ဟောပြောတဲ့ ယေရှုခရစ်အကြောင်းနဲ့ သတင်းကောင်းက ခင်ဗျားတို့ကို ဘုရားသခင် ခိုင်ခံ့မြဲမြံစေနိုင်မှန်း ဖော်ပြနေတယ်။ အဲဒီသတင်းကောင်းဟာ ဘုရားသခင်ဖော်ပြတဲ့ မြင့်မြတ်တဲ့လျှို့ဝှက်ချက်နဲ့ ဆက်စပ်နေတယ်။+ ဒါဟာ အရင်ကတည်းက လျှို့ဝှက်ချက်ဖြစ်ခဲ့တယ်။ ၂၆ အခုတော့ အဲဒီလျှို့ဝှက်ချက်ကို ပရောဖက်ကျမ်းတွေအားဖြင့် ဖော်ပြပြီး အသိပေးလိုက်ပြီ။ ထာဝရဘုရားသခင်ရဲ့ အမိန့်တော်အတိုင်း လူမျိုးအပေါင်း ယုံကြည်ပြီး နာခံလာကြဖို့ပဲ။
-