-
ကောလောသဲ ၁:၂၅-၂၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၅ ခင်ဗျားတို့အကျိုးအတွက် တရားစကားတော်ကို အပြည့်အဝ ဟောပြောနိုင်ဖို့၊ ဘုရားပေးတာဝန်ကို ထမ်းဆောင်နိုင်ဖို့ ကျွန်တော်ဟာ ဒီအသင်းတော်ရဲ့ အမှုဆောင်သူ ဖြစ်လာတယ်။+ ၂၆ မြင့်မြတ်တဲ့ အဲဒီလျှို့ဝှက်ချက်ကို+ လွန်ခဲ့တဲ့ လောကစနစ်တွေ*+ အဆက်ဆက်၊ လွန်ခဲ့တဲ့ လူမျိုးအဆက်ဆက်မှာ ဖုံးကွယ်ထားပေမဲ့ အခုတော့ သန့်ရှင်းသူတွေကို ဖွင့်ပြလိုက်ပြီ။+ ၂၇ ဘုရားသခင်က မြင့်မြတ်တဲ့ လျှို့ဝှက်ချက်နဲ့ဆိုင်တဲ့ ဘုန်းစည်းစိမ်အကြောင်း လူမျိုးခြားတွေကိုလည်း သိစေချင်တယ်။+ အဲဒီလျှို့ဝှက်ချက်ဟာ ခရစ်တော်နဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိတာ၊ ခရစ်တော်နဲ့အတူ ဘုန်းအသရေ ခံစားဖို့ မျှော်လင့်ချက်ရှိတာကို ဆိုလိုတယ်။+
-