-
တမန်တော် ၂၃:၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ အဖွဲ့ဝင်တွေထဲမှာ တစ်ဝက်က ဇဒ္ဒုကဲတွေ၊ တစ်ဝက်က ဖာရိရှဲတွေဖြစ်နေမှန်း ပေါလုသတိထားမိတဲ့အခါ “ညီအစ်ကိုတို့၊ ကျွန်တော်ဟာ ဖာရိရှဲတစ်ယောက်ပါ။+ ဖာရိရှဲရဲ့သားလည်း ဟုတ်ပါတယ်။ လူသေတွေ ရှင်ပြန်ထမြောက်လာမယ်ဆိုတဲ့ မျှော်လင့်ချက်ကို ကျွန်တော်ယုံကြည်လို့ အခုလို စစ်ကြောစီရင်ခံနေရတာပါ” ဆိုပြီး ဂျူးတရားရုံးချုပ်မှာ အသံကျယ်ကျယ်နဲ့ ပြောတယ်။
-
-
တမန်တော် ၂၆:၄၊ ၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄ “ကျွန်တော် ငယ်ငယ်ကတည်းက လူမျိုးချင်းတွေဆီမှာရော ဂျေရုဆလင်မြို့မှာပါ ဘယ်လို ကျင့်ကြံနေထိုင်ခဲ့တယ်ဆိုတာ ဂျူးအားလုံးသိပါတယ်။+ ၅ ကျွန်တော့်ကို သူတို့သိခဲ့တာ ကြာပါပြီ။ ကျွန်တော်ဟာ ဖာရိရှဲဂိုဏ်းဝင် တစ်ယောက်ဖြစ်ခဲ့မှန်း+ သူတို့ဆန္ဒရှိရင် ထွက်ဆိုနိုင်သားပဲ။ အဲဒီဂိုဏ်းဟာ တခြားဂျူးဂိုဏ်းတွေထက် တင်းကျပ်မှန်း+ မင်းကြီးသိပါတယ်။
-