၄၂ လူသေတွေ ရှင်ပြန်ထမြောက်တာလည်း အဲဒီလိုပဲ။ သေဆုံးတဲ့ ခန္ဓာကိုယ်ဟာ ပုပ်ပျက်သွားတယ်။ အသက်ပြန်ရှင်လာတဲ့ ခန္ဓာကိုယ်ဟာ မပုပ်ပျက်နိုင်ဘူး။+ ၄၃ အသရေမရှိဘဲ သေဆုံးတယ်၊ ဘုန်းအသရေနဲ့ အသက်ပြန်ရှင်လာတယ်။+ အားနည်းတဲ့ခန္ဓာ သေဆုံးတယ်။ ခွန်အားပြည့်စုံတဲ့ခန္ဓာနဲ့ အသက်ပြန်ရှင်လာတယ်။+