-
၂ သက်သာလောနိတ် ၁:၁၁၊ ၁၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၁ ဒါကြောင့် ခင်ဗျားတို့ကို ရွေးချယ်ခံထိုက်သူတွေအဖြစ် ဘုရားသခင် ယူမှတ်စေဖို့+ အမြဲဆုတောင်းပေးပါတယ်။ ဘုရားသခင်က ကောင်းမြတ်တဲ့အရာတွေကို တန်ခိုးတော်နဲ့ ပြီးမြောက်အောင် လုပ်ဆောင်ဖို့၊ ခင်ဗျားတို့ရဲ့ ယုံကြည်ခြင်းပါတဲ့ လုပ်ရပ်တွေကို အောင်မြင်စေဖို့လည်း ကျွန်တော်တို့ အမြဲဆုတောင်းပေးပါတယ်။ ၁၂ ဘုရားသခင်နဲ့ သခင်ယေရှုခရစ်ရဲ့ မဟာကရုဏာကြောင့် အဲဒီလို ဖြစ်လာလိမ့်မယ်။ ခင်ဗျားတို့အားဖြင့် သခင်ယေရှုရဲ့ နာမည် ဘုန်းထင်ရှားပြီး ခင်ဗျားတို့လည်း သခင်ယေရှုခရစ်နဲ့ တစ်စိတ်တစ်ဝမ်းတည်း ရှိနိုင်ကြမယ်။
-