-
ဖိလိပ္ပိ ၃:၂၀၊ ၂၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၀ ကောင်းကင်နိုင်ငံသားတွေဖြစ်တဲ့+ ကျွန်တော်တို့ကတော့ ကောင်းကင်ကနေ ရောက်လာမယ့် ကယ်တင်ရှင် သခင်ယေရှုခရစ်ကို မျှော်လင့်တကြီး စောင့်စားနေကြတယ်။+ ၂၁ အဲဒီသခင်က အရာခပ်သိမ်းကို ခြေအောက်မှာ ချထားနိုင်တဲ့+ မိမိရဲ့ကြီးမားတဲ့တန်ခိုးကို သုံးပြီး ကျွန်တော်တို့ရဲ့ အားနည်းတဲ့ ခန္ဓာကိုယ်ကို သူ့ကိုယ်ခန္ဓာလို ဘုန်းအသရေနဲ့ ပြည့်စုံစေဖို့ ပြောင်းလဲပေးလိမ့်မယ်။+
-
-
ဗျာဒိတ် ၂၀:၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄ အဲဒီနောက် ရာဇပလ္လင်တွေကို ကျွန်တော်မြင်တယ်။ ဘုရားသခင်က ပလ္လင်ပေါ်မှာ ထိုင်နေတဲ့သူတွေကို တရားစီရင်ခြင်း အခွင့်အာဏာ ပေးအပ်တယ်။ ယေရှုအကြောင်း သက်သေခံလို့၊ ဘုရားသခင်အကြောင်း ဟောပြောလို့၊ သားရဲကိုဖြစ်စေ၊ သားရဲရုပ်တုကိုဖြစ်စေ မကိုးကွယ်လို့၊ နဖူးနဲ့လက်ပေါ်မှာ သားရဲအမှတ်တံဆိပ် မရိုက်နှိပ်လို့ ကွပ်မျက်ခံရတဲ့သူတွေကိုလည်း ကျွန်တော်မြင်တယ်။+ သူတို့က အသက်ပြန်ရှင်လာပြီး ခရစ်တော်နဲ့အတူ ဘုရင်တွေအဖြစ် အနှစ် ၁,၀၀၀ အုပ်စိုးရတယ်။+
-