ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၁ တိမောသေ ၄:၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၄ နောင်တစ်ချိန်မှာ  လူတချို့က ဘုရားဆီကလာတယ်လို့ ထင်ရတဲ့ မှားယွင်းတဲ့စကားတွေ၊+ နတ်ဆိုးတွေရဲ့ သွန်သင်ချက်တွေကို နားယောင်ပြီး ယုံကြည်ခြင်းကို စွန့်သွားလိမ့်မယ်လို့ ဘုရားသခင့် စွမ်းအားတော်က ရှင်းရှင်းလင်းလင်း ဆိုထားတယ်။

  • ၂ တိမောသေ ၂:၁၆-၁၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၆ သန့်ရှင်းမြင့်မြတ်ရာကို စော်ကားတဲ့ အချည်းနှီးစကားတွေကို နားမထောင်ပါနဲ့။+ အဲဒီစကားတွေဟာ ဘုရားတရားမဲ့တဲ့အဖြစ်ကို ပိုပြီး ဦးတည်စေလို့ပဲ။ ၁၇ အဲဒီစကားတွေဟာ အသားကိုလှိုက်စားတဲ့ ခူနာလိုပဲ။ အဲဒီလိုပြောတဲ့သူတွေထဲမှာ ဟုမေနဲနဲ့ ဖိလက်ပါတယ်။+ ၁၈ အဲဒီလူတွေက ရှင်ပြန်ထမြောက်ခြင်း ဖြစ်နှင့်နေပြီလို့+ ပြောပြီး အမှန်တရားလမ်းကနေ ကိုယ်တိုင်သွေဖည်သွားရုံမက လူတချို့ရဲ့ ယုံကြည်ခြင်းကိုပါ ပျက်စီးအောင် လုပ်နေကြပြီ။

  • ၂ တိမောသေ ၄:၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃ ဘာလို့လဲဆိုတော့ အကျိုးဖြစ်ထွန်းတဲ့ သွန်သင်ချက်ကို+  နားမထောင်ချင်တော့ဘဲ ကိုယ်ကြားချင်တာကို ဟောပြောပေးမယ့် ဆရာတွေကို ရှာဖွေမယ့်အချိန် ရောက်လာမှာဖြစ်လို့ပဲ။+

  • ၂ ပေတရု ၂:၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂ အစ္စရေးလူမျိုးမှာ ပရောဖက်အတုအယောင်တွေ ရှိခဲ့သလို ခင်ဗျားတို့ထဲမှာလည်း ဆရာအတုအယောင်တွေ ရှိလိမ့်မယ်။+ သူတို့က ဂိုဏ်းခွဲမယ့်သူတွေကို မသိမသာ ပေါ်လာစေမယ်။ သူတို့ကို ဝယ်ထားတဲ့အရှင်ကိုတောင် ငြင်းပယ်တဲ့အတွက်+ အလျင်အမြန် ပျက်စီးရလိမ့်မယ်။

  • ၁ ယောဟန် ၂:၁၈၊ ၁၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၈ သားသမီးတို့၊ အခုအချိန်ဟာ နောက်ဆုံးအချိန်ပဲ။  ခရစ်တော်ကိုဆန့်ကျင်သူ* ပေါ်လာမယ်လို့+ ခင်ဗျားတို့ ကြားထားတဲ့အတိုင်း ခရစ်တော်ကိုဆန့်ကျင်သူ အမြောက်အမြား အခုပဲ ပေါ်လာပြီ။+  ဒါကြောင့်  နောက်ဆုံးအချိန်ကို ရောက်နေပြီဆိုတာ  သိနိုင်တယ်။ ၁၉ သူတို့ဟာ ကျွန်တော်တို့လို လူစားမျိုး မဟုတ်တော့ ကျွန်တော်တို့ဆီကနေ ထွက်သွားကြပြီ။+ ကျွန်တော်တို့လို လူစားမျိုးဖြစ်ရင် ကျွန်တော်တို့နဲ့အတူ ရှိနေမှာပဲ။  အခု  သူတို့ထွက်သွားပြီဆိုတော့ ကျွန်တော်တို့လို လူစားမျိုးမဟုတ်မှန်း  ထင်ရှားပြီပေါ့။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ