-
မဿဲ ၂၇:၁၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၁ ပိလတ်မင်းက ရှေ့မှာရပ်နေတဲ့ ယေရှုကို “မင်းဟာ ဂျူးတွေရဲ့ဘုရင် ဟုတ်သလား” လို့မေးတော့ ယေရှုက “မင်းကြီးပြောတာအမှန်ပဲ” လို့ဖြေတယ်။+
-
-
ယောဟန် ၁၈:၃၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၃ ဒါနဲ့ ပိလတ်မင်းက ဘုရင်ခံနန်းဆောင်ထဲ ပြန်ဝင်လာတယ်။ ယေရှုကိုခေါ်ပြီး “မင်းဟာ ဂျူးတွေရဲ့ဘုရင် ဟုတ်သလား” လို့မေးတယ်။+
-
-
ယောဟန် ၁၉:၁၀၊ ၁၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၀ ပိလတ်မင်းက “ငါ့ကို ပြန်မဖြေဘူးလား။ မင်းကို လွှတ်ပေးပိုင်ခွင့်၊ သစ်တိုင်ပေါ်တင်ပိုင်ခွင့် ငါ့မှာရှိမှန်း မင်းမသိဘူးလား” လို့မေးတယ်။ ၁၁ ယေရှုက “ဘုရားသခင်ကသာ အခွင့်မပေးရင် ကျွန်တော့်ကို မင်းကြီး ဘာမှ လုပ်ပိုင်ခွင့်မရှိဘူး။ ဒါကြောင့် ကျွန်တော့်ကို မင်းကြီးလက်ထဲ အပ်တဲ့သူဟာ ပိုအပြစ်ကြီးပါတယ်” လို့ဖြေတယ်။
-