-
၁ တိမောသေ ၁:၃၊ ၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ မက်ဆီဒိုးနီးယားပြည်ကို ငါသွားခါနီးမှာ မင်းကို ဧဖက်မြို့မှာနေခဲ့ဖို့ တိုက်တွန်းခဲ့တယ်။ အခုလည်း အဲဒီလိုပဲ တိုက်တွန်းချင်တယ်။ ဒါမှ လူတချို့ကို မှားယွင်းတဲ့အယူဝါဒ မသွန်သင်ကြဖို့၊ ၄ မဟုတ်တမ်းစကားတွေ၊+ ဆွေစဉ်မျိုးဆက်စာရင်းတွေကို အာရုံမစိုက်ကြဖို့ မင်း သတိပေးနိုင်မှာ။ အဲဒါတွေဟာ ဘာမှ အကျိုးမပြုဘူး။+ ထင်ကြေးပေးတာ၊ မှန်းဆတာတွေကိုပဲ ဖြစ်စေတတ်တယ်။ ယုံကြည်ခြင်း ခိုင်ခံ့စေဖို့ ဘုရားသခင် ပြင်ဆင်ပေးရာတွေနဲ့ မအပ်စပ်ဘူး။
-
-
၁ တိမောသေ ၆:၃-၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ တစ်ယောက်ယောက်က မှားယွင်းတဲ့ အယူဝါဒကို သင်ပေးပြီး သခင်ယေရှုခရစ်ဆီက အကျိုးဖြစ်ထွန်းတဲ့ သွန်သင်ချက်ကိုရော+ ဘုရားတရား ကိုင်းရှိုင်းတတ်ဖို့ သွန်သင်ပေးတာကိုပါ+ လက်မခံရင်၊ ၄ သူဟာ မာနထောင်လွှားပြီး ဘာကိုမှ နားမလည်တဲ့သူပဲ။+ အချေအတင် ပြောဆိုရတာ၊ စကားလုံးတွေနဲ့ပတ်သက်ပြီး အငြင်းပွားရတာကို ဝါသနာကြီးတဲ့သူပဲ။+ အဲဒါတွေဟာ မနာလိုမရှုဆိတ်ဖြစ်တာ၊ ခိုက်ရန်ဖြစ်တာ၊ သွားပုပ်လေလွင့်ပြောတာ၊ သံသယဝင်တာ၊ ၅ အရေးမပါတဲ့ ကိစ္စအတွက် အမြဲငြင်းခုံတာတွေ ဖြစ်ပေါ်စေတတ်တယ်။ စိတ်ယိုယွင်းနေတဲ့သူတွေ၊+ အမှန်တရားကင်းမဲ့သူတွေက အဲဒီလိုဖြစ်အောင် ဆွပေးတတ်တယ်။ ဘုရားတရား ကိုင်းရှိုင်းတာဟာ အကျိုးစီးပွား ဖြစ်စေတယ်လို့ သူတို့ထင်နေတယ်။+
-