-
ကောလောသဲ ၁:၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ ကျွန်တော်တို့ကိုယ်စား ခရစ်တော်ရဲ့ကျွန်အဖြစ် အမှုဆောင်သူ၊ ချစ်ရတဲ့ သစ္စာရှိညီအစ်ကို ဧပဖြဆီကနေ+ ခင်ဗျားတို့ သတင်းကောင်း ကြားသိခဲ့ရတယ်။
-
-
ကောလောသဲ ၄:၁၂၊ ၁၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ ခရစ်တော်ယေရှုရဲ့ ကျွန်၊ ခင်ဗျားတို့ဒေသက ဧပဖြလည်း+ နှုတ်ဆက်လိုက်တယ်။ ခင်ဗျားတို့အတွက် သူ ထက်ထက်သန်သန် ဆုတောင်းပေးနေတယ်။ ဘုရားသခင်ရဲ့ အလိုတော်နဲ့ဆိုင်တဲ့ အရာမှန်သမျှကို ခင်ဗျားတို့ အခိုင်အမာ ယုံကြည်စိတ်ချပြီး အဆုံးမှာ အပြည့်အဝ ရပ်တည်နိုင်ဖို့ပေါ့။ ၁၃ သူဟာ ခင်ဗျားတို့အတွက်၊ လောဒိကိမြို့နဲ့ ဟေရပေါလိမြို့မှာ ရှိတဲ့သူတွေအတွက် အားသွန်ခွန်စိုက် လုပ်ဆောင်ခဲ့တယ်ဆိုတာ ကျွန်တော် ရဲရဲကြီးပြောနိုင်ပါတယ်။
-