-
တမန်တော် ၂၃:၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၃ ပေါလုက ဂျူးတရားရုံးချုပ် အဖွဲ့ဝင်တွေကို စေ့စေ့ကြည့်ပြီး “ညီအစ်ကိုတို့၊ ကျွန်တော် ဒီနေ့အထိ အမှားတစ်ခုမှ မလုပ်ခဲ့မှန်း ဘုရားသခင့်ရှေ့မှာ အမှားအမှန်သိစိတ် ကြည်လင်စွာ ပြောနိုင်ပါတယ်”+ လို့ပြောတယ်။
-
-
၁ တိမောသေ ၁:၁၈၊ ၁၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၈ ငါ့သားတိမောသေ၊ မင်းကိုရည်စူးပြီး ဟောထားတဲ့ ပရောဖက်ပြုချက်တွေအတိုင်း ဒီညွှန်ကြားချက်ကို ငါပေးတာပါ။ အဲဒီပရောဖက်ပြုချက်တွေအတိုင်း မွန်မြတ်တဲ့စစ်ပွဲကို ဆက်ပြီးတိုက်ခိုက်သွားပါ။+ ၁၉ ယုံကြည်ခြင်းနဲ့ ကြည်လင်တဲ့ အမှားအမှန်သိစိတ်ကိုလည်း ထိန်းသိမ်းထားပါ။+ လူတချို့ဟာ အမှားအမှန်သိစိတ်ကို ဘေးဖယ်ထားတဲ့အတွက် ယုံကြည်ခြင်းသင်္ဘော ပျက်ခဲ့ရတယ်။
-