-
ယေဇကျေလ ၁:၅-၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅ သတ္တဝါလေးပါးနဲ့တူတဲ့အရာလည်း ရှိနေတယ်။+ တစ်ပါးစီက လူ့အသွင်ရှိကြတယ်။ ၆ တစ်ပါးစီမှာ မျက်နှာလေးခု၊ အတောင်လေးခုစီ ရှိတယ်။+ ၇ ခြေထောက်တွေဟာ ဖြောင့်တန်းပြီး ပြောင်လက်နေတဲ့ ကြေးနီရောင် ထနေတယ်။+ ခြေဖဝါးတွေဟာ နွားခွာနဲ့ တူတယ်။ ၈ အတောင်လေးခုအောက်မှာ လူ့လက်တွေ ရှိတယ်။ လေးပါးစလုံးမှာ မျက်နှာတွေ၊ အတောင်တွေရှိတယ်။ ၉ အတောင်တွေ တစ်ခုနဲ့တစ်ခု ထိနေတယ်။ လေးပါးစလုံးဟာ သွားတဲ့အခါ မကွေ့ဘဲ တည့်တည့်သွားတယ်။+
၁၀ သူတို့ရဲ့ မျက်နှာပုံစံကတော့– လေးပါးစလုံးမှာ လူမျက်နှာရှိတယ်။ ညာဘက်မှာ ခြင်္သေ့+ မျက်နှာ၊ ဘယ်ဘက်မှာ နွား+ မျက်နှာရှိတယ်။ လေးပါးစလုံးမှာ လင်းယုန်+ မျက်နှာ+ ရှိတယ်။
-