-
ထွက်မြောက်ရာ ၂၀:၁၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၁ ယေဟောဝါက ကောင်းကင်၊ မြေကြီး၊ ပင်လယ်နဲ့ရှိသမျှကို ခြောက်ရက်အတွင်း ဖန်ဆင်းပြီး ခုနစ်ရက်မြောက်နေ့မှာ စတင်အနားယူနေတယ်။+ ဒါကြောင့် ဥပုသ်နေ့ကို ယေဟောဝါ ကောင်းချီးပေးပြီး မြင့်မြတ်တဲ့နေ့လို့ သတ်မှတ်ထားတယ်။
-
-
နေဟမိ ၉:၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ “ကိုယ်တော်တစ်ပါးတည်းသာ ယေဟောဝါဖြစ်တယ်။+ မိုးကောင်းကင်နဲ့ အမြင့်ဆုံးကောင်းကင်ကိုတောင် ကိုယ်တော်ဖန်ဆင်းတယ်။ ကောင်းကင်ပေါ်ကအရာတွေ၊* မြေကြီးနဲ့ မြေကြီးပေါ်ကအရာတွေ၊ ပင်လယ်နဲ့ ပင်လယ်ထဲက အရာတွေကိုလည်း ဖန်ဆင်းပြီး အဲဒါတွေအားလုံးကို အသက်ရှင်စေတယ်။ ကောင်းကင်ပေါ်ကအရာတွေက ကိုယ်တော့်ကို ပျပ်ဝပ်ကိုးကွယ်နေကြတယ်။
-