-
၁ ကောရိန္သု ၁၅:၅၁၊ ၅၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅၁ မြင့်မြတ်တဲ့ လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်– ကျွန်တော်တို့ဟာ သေခြင်းမှာ အားလုံးအိပ်ပျော်ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့အားလုံး ပြောင်းလဲသွားကြမှာ။+ ၅၂ နောက်ဆုံးခရာမှုတ်ချိန် အတောအတွင်းမှာ တစ်ခဏချင်း မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားမှာ။ ခရာမှုတ်တဲ့အခါ+ သေဆုံးသွားသူတွေဟာ မပုပ်ပျက်နိုင်တဲ့အဖြစ်ကို အသက်ရှင်လာမယ်။ ကျွန်တော်တို့ ပြောင်းလဲသွားမယ်။
-
-
၁ သက်သာလောနိတ် ၄:၁၆၊ ၁၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၆ ဘာလို့လဲဆိုတော့ သခင်ကိုယ်တိုင် ကောင်းကင်ဘုံကနေ ဆင်းလာလိမ့်မယ်။ ဘုရားသခင်ရဲ့ ခရာကို ကိုင်ဆောင်ပြီး ကောင်းကင်တမန်မင်းရဲ့+ အမိန့်သံနဲ့ ခေါ်လိုက်တဲ့အခါ ခရစ်တော်ရဲ့ နောက်လိုက်အဖြစ် သေဆုံးသွားသူတွေ အရင်ထမြောက်လိမ့်မယ်။+ ၁၇ အဲဒီနောက် အသက်ရှင်ကျန်ရစ်တဲ့ ကျွန်တော်တို့က သူတို့နဲ့အတူ ရှိနိုင်ဖို့၊ အာကာသမှာ သခင်နဲ့ တွေ့ဆုံဖို့+ မိုးတိမ်ခြံရံပြီး+ တက်သွားရလိမ့်မယ်။ အဲဒီအခါကျရင် ကျွန်တော်တို့အားလုံး သခင်နဲ့အတူ အမြဲရှိနေကြလိမ့်မယ်။+
-